ကြောင်မရှိ ကြွက်ထ

ဝီကီပီးဒီးယား မှ

ကြောင်မရှိ ကြွက်ထိုက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကြောင်မရှိခိုက် ကြွက်တို့ ထကြွမြူးထူးသကဲ့သို့ ကြောက်ရွံ့ရမည့်သူ မရှိခိုက် ထင်သလို ပြောဆို ပြုမူနေထိုင်သည်။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ကြောင်မရှိ ကြွက်မြူး ဟူ၍လည်း အသုံးရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကြောင်မရှိက ကြွက်ထဟူသော စကားပုံအရ စက်သူဌေး မရှိခိုက်တွင် စက်ထဲရှိ အလုပ်သမားအားလုံးပင် ရယ်စရာမောစရာများ ပြောသူကပြော... " [၁၂၉၅] ကဝိတံခွန်၊ ၂၊ ၁၄။ ၃၀၇။
  • "ကြောင်မရှိ ကြွက်ထဆိုတာမျိုးလို လူကြီးမရှိတာနှင့် တစ်ပြိုင်တည်း အလျှိုလျှို လစ်ကုန်ကြတော့..." [၁၃၀၁] ဒဂုန်၊ ၁၉၊ ၂၂၃။ ၉၈။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၈