ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး

ဝီကီပီးဒီးယား မှ

ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ခံတွင်းပျက်နေသောကြောင်သည် အလွယ်တကူဖမ်းယူနိုင်မည့် တောင်ပံကျိုးဆက်ရက်ကို အခန့်သားတွေ့သကဲ့သို့ အိမ်ထောင်ရေးတွင် လိုအင်ဆန္ဒမပြည့်ခိုက် မိမိဆန္ဒကို အလွယ်တစ်ကူဖြည့်မိသူနှင့် အခန့်သင့်တွေ့သည်။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ဆက်ရက်တောင်ပံ့ကျိုးနှင့် ခံတွင်ပျက်ကြောင်ဟူ၍လည်း အသုံးရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "နန်းဝန်းစကားကို သတိရရင်း မိမိအဖြစ်ကိုပါ ဆင်ခြင်မိသည်။ ကြောင်ခံတွင်းပျက်တော့ တွေ့လေပြီ။ မိမိက ဆက်ရက်တောင်ပံကျိုးတော့ အဖြစ်မခံနိုင်ချေ။" [၁၃၄၀] ငွေတာရီ၊ ၂၁၂။ ၁၃၅။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၆