ကြိုးချင်းထား ကြိုးချင်းငြိ၊ အိုးချင်းထား အိုးချင်းထိ
ပုံပန်းသွင်ပြင်
ကြိုးချင်းထား ကြိုးချင်းငြိ၊ အိုးချင်းထား အိုးချင်းထိ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]ကြိုးများကို စုပုံထားပါက ကြိုးအချင်းချင်း ငြိတွယ် ရှုပ်ထွေးတတ်ပြီး အိုးများကို စုပုံထားပါက အိုး အချင်းချင်း ထိမိခိုက်မိ ရှိတတ်သည်။ ထို့အတူ ယောက်ျားနှင့် မိန်းမသည် နီးစပ်လျှင် ငြိစွန်းသည်။
အခြားအသုံးအနှုန်း
[ပြင်ဆင်ရန်]- အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ
- အိုးချင်းထား အိုးချင်းထိ
- ကြိုးချင်းထား ကြိုးချင်းငြိ ဟူ၍အသုံးလည်းရှိသည်။
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ" [၁၁၅၂ ခန့်]၊ ကျဉ်း။ ၄၂။
- "ကြိုးချင်းထား ကြိုးချင်းငြိ၊ အိုးချင်းထား အိုးချင်းထိဆိုတာလည်း မင်းပြောမှ ငါသိတာမဟုတ်ဘူး။" [၁၂၇၅] စံပယ်။ ၈၆။
- "အိုးချင်းထားက ထိတတ်သည်၊ ကြိုးချင်းထားက ငြိတတ်သည်။ သတိထားဖို့သဘော၊ ပြောစရာရှိက ပြောလိမ့်မည်။ [၁၂၇၃] ဥပမာ၊ ဒု။ ၁၂၃။