မာတိကာသို့ ခုန်သွားရန်

ကြိုက်မရှင်၊ ငိုက်မရှက်၊ ငတ်မရှက်

ဝီကီပီးဒီးယား မှ

ကြိုက်မရှင်၊ ငိုက်မရှက်၊ ငတ်မရှက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် ဆိုသည်မှာ အလွန်ချစ်ကြိုက်သောအခါ၌ ဖြစ်စေ၊ အလွန်အိပ်ချင်၍ ငိုက်မျဉ်းသောအခါ၌ ဖြစ်စေ၊ အစာရေစာ အလွန်ဆာလောင် ငတ်မွတ်သောအခါ၌ ဖြစ်စေ မည်သူ့ကိုမျှ မရှက်နိုင်ဘဲ ရှိသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် အခြေအနေတစ်ခု၏ ပြင်းထန်မှုကြောင့် လူတို့၏ အရှက်အကြောက်တရား လျော့နည်းသွားနိုင်ပုံကို ဖော်ပြသည်။

  • ကြိုက်မရှက် ဆိုသည်မှာ အလွန်ချစ်ခင်စုံမက်နေချိန်တွင် လူအများရှေ့၌ပင် မိမိ၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသရန် ဝန်မလေးခြင်း၊ ရှက်ရွံ့ခြင်း မရှိခြင်းကို ရည်ညွှန်းသည်။
  • ငိုက်မရှက် ဆိုသည်မှာ အလွန်အိပ်ချင်နေချိန်တွင် လူအများရှေ့၌ပင် ငိုက်မျဉ်းခြင်း၊ အိပ်ပျော်သွားခြင်းကို ရှက်ရွံ့ခြင်း မရှိခြင်းကို ရည်ညွှန်းသည်။
  • ငတ်မရှက် ဆိုသည်မှာ အလွန်ဆာလောင်နေချိန်တွင် အစားအစာကို မက်မက်မောမော တောင်းခံခြင်း၊ စားသောက်ခြင်းကို ရှက်ရွံ့ခြင်း မရှိခြင်းကို ရည်ညွှန်းသည်။

ဆိုလိုသည်မှာ အချို့သောအခြေအနေများတွင် လူတို့သည် မိမိတို့၏ အခြေအနေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ အရှက်အကြောက်တရားကိုပင် ဂရုမစိုက်နိုင်တော့ကြောင်းကို ဖော်ပြသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • ကဲ-ရွာသူကြီး၊ ကြိုက်မှရက်၊ ငိုက်မရှက်၊ ငတ်မရှက်တဲ့။ ကျုပ်ဖြင့် ဒီသူငယ်မလေးကို မြင်ကတည်းက ချစ်ခင်စုံမက်၍…၊ []
  • ဟယ်-တတ်နိုင်ပါဘူး၊ ကြိုက်မရှက်၊ ငတ်မရှက်၊ ငိုက်မရှက် မရှက်သုံးပါး တွင် ငတ်မရှက်မို့လို့အရှက်ကိုငဲ့ကွက်၍ အလှူအိမ် သွားလေဦးမှပဲ။ []
  • မြန်မာမှု၌ မရှက်သုံးပါးရှိသည်။ ယင်းတို့မှာ ကြိုက်မရှက်၊ ငိုက် မရှက်၊ငတ်မရှက် တို့ဖြစ်သည်။ အရှက်မငဲ့နိုင်အောင် အိပ်ငိုက်နေသူအတွက် အကောင်းဆုံးနည်းလမ်းမှာ အိပ်ခွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၇၅] စံပယ်။ ၁၆။ ကိုးကား အမှား - Invalid parameter "'sanpel16" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၁၂၇၉] မှာ၊ ပ။ ၄၄။ ကိုးကား အမှား - Invalid parameter "'mapa44" in <ref> tag. The supported parameters are: dir, follow, group, name.
  4. [၁၃၅၇] ငွေတာရီ၊ ၄၁၆။ ၅၃။ ကိုးကား အမှား - Invalid parameter "'ngwetari416-53" in <ref> tag. The supported parameters are: dir, follow, group, name.