ကြာကြာ ဝါးမှ ခါးမှန်းသိ

ဝီကီပီးဒီးယား မှ

ကြာကြာ ဝါးမှ ခါးမှန်းသိ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကြာကြာ ဝါးကြည့်ပြီးခါမှ ခါးမှန်းသိလာရသကဲ့သို့ အချိန်ကြာကြာ ထိတွေ့ဆက်ဆံကြည့်ခါမှ တကယ်မကောင်းမှန်းသိလာရသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကြာကြာ ဝါးမှ ခါးမှန်းသိဆိုတာလို ကွန်မြူနစ်တွေနဲ့ပေါင်းကြည့်မှ သူတို့ရဲ့ ညစ်ပတ်...တဲ့ အသွင်သဏ္ဌာန်တွေဟာ တဖွားဖွား ပေါ်ပေါက်လာတာကိုး။" [၁၃၁၄] ပြည်သား၊ ၃၊ ၉၃။ ၆။
  • "ရှုပ်ရှုပ်ထွေးထွေး စည်စည်ကားကားနှင့် မြို့ကြီးပြကြီးများ၏ စည်ကားခြင်းဆိုတာ ကြာကြာ ဝါးမှ ခါးမှန်းသိဆိုတဲ့ စကားမျိုးလို ကြာလေကြာလေ ငြီးငွေ့စရာ ကောင်းလာပါတယ်။" [၁၂၉၄] ဒဂုန်၊ ၁၄၅။ ၃၂၅။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၃