ကြယ်တာရာကြားဝယ် (ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
Interstellar
A ringed spacecraft near a wormhole, here depicted as a massive reflective sphere.
ရုပ်ရှင်ရုံ ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာChristopher Nolan
ထုတ်လုပ်သူ
  • Emma Thomas
  • Christopher Nolan
  • Lynda Obst
စာရေးသူ
  • Jonathan Nolan
  • Christopher Nolan
သရုပ်ဆောင်
ဂီတမှူးHans Zimmer
ဓာတ်ပုံHoyte van Hoytema
တည်းဖြတ်Lee Smith
ထုတ်လုပ်ရေး
ကုမ္ပဏီများ
  • Legendary Pictures
  • Syncopy Inc.
  • Lynda Obst Productions
ကြာမြင့်ချိန်
၁၆၉ မိနစ်[၁]
နိုင်ငံ
  • အမေရိကန်[၂]
  • ယူနိုက်တက်ကင်းဒမ်း[၂]
ဘာသာစကားအင်္ဂလိပ်ဘာသာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • အောက်တိုဘာ ၂၆၊ ၂၀၁၄ (၂၀၁၄-၁၀-၂၆) (TCL တရုတ်ရုပ်ရှင်ရုံ)
  • နိုဝင်ဘာ ၅၊ ၂၀၁၄ (၂၀၁၄-၁၁-၀၅) (အမေရိကန်)
  • နိုဝင်ဘာ ၇၊ ၂၀၁၄ (၂၀၁၄-၁၁-၀၇) (ယူနိုက်တက်ကင်းဒမ်း)
ထုတ်ဝေသူ
  • Paramount Pictures
    (မြောက်အမေရိက)
  • Warner Bros. Pictures
    (နိုင်ငံတကာ)
ကုန်ကျငွေ$165 million[၃]
ရောင်းရငွေ$675 million[၃]

ကြယ်တာရာကြားဝယ် ရုပ်ရှင်သည် ၂ဝ၁၄ ခုနှစ် ခရစ္စတိုဖာ နိုလန်မှ ဒါရိုက်တာလုပ်ကာ ရိုက်ကူးထားသည့် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်။ အဓိကဇာတ်ဆောင်များအဖြစ် Matthew McConaughey, Anne Hathaway, Jessica Chastain နှင့် Michael Caine တို့မှ ပါဝင်သရုပ်ဆောင်ထားသည်။ ဇာတ်ကား၏သရုပ်မှာမူ အာကာသယာဉ်မှူးများသည် တွင်းပေါက်ကနေတစ်ဆင့် ကမ္ဘာသစ်များအား လူသားများအတွက် ရှာဖွေကြခြင်းဖြစ်သည်။ ယင်းဇာတ်ကားရိုက်ကူးခဲ့ရာ၌ ငွေကြေးကုန်ကျများပြားသည့် အထူးလုပ်ဆောင်ချက်များအား သုံးခဲ့ရသည်ဟုဆိုသည်။ ရုပ်ရှင်အား အမေရိကန်ပြည်ထောင်စု လော့အိန်ဂျယ်မြို့၌ ၂ဝ၁၄ ခုနှစ် အောက်တိုဘာလတွင် ဖြန့်ချိခဲ့သည်။ ၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲတွင် ယင်းဇာတ်ကားသည် အကောင်းဆုံး အထူးပြုလုပ်ချက်ဆု၊ အကောင်းဆုံး အသံတည်းဖြတ်ခြင်းဆု၊ အကောင်းဆုံး ဒီဇိုင်းထုတ်လုပ်ခြင်းဆု အစရှိသော ဆုအသီးသီးအား ဆွတ်ခူးရရှိခဲ့သည်။

ဇာတ်ညွှန်းအကျဉ်း[ပြင်ဆင်ရန်]

ကမ္ဘာပေါ်မှ ယာခင်းများသည့် ကြီးမားသော ပိုးကျခြင်းကြောင့် အစာရေစာ ရှားပါးလာကာ လူသားမျိုးနွယ် မျိုးတုန်းပျောက်ကွယ်ရကိန်းနှင့် ရင်ဆိုင်နေရသည်။ ကူးပါးသည် နာဆာ၏ ယခင်လေယာဉ်မှူးဟောင်းနှင့် ယာသမားတစ်ယောက်ဖြစ်ကာ သားသမီးနှစ်ယောက်ရှိသည်။ တစ်နေ့တွင် သမီးဖြစ်သူနှင့်အတူ နာဆာ၏ လျှို့ဝှက်နေရာအား ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းမှတဆင့် ဒေါက်တာ ဘရန်းနှင့် ဆုံခဲ့သည်။ သူတို့သည် လွန်ခဲ့သောဆယ်စုနှစ်တစ်ခုလောက်ကတည်းက လူသားများလိုက်ပါသော အာကာသယာဉ်များအား တွင်းပေါက်များမှတဆင့် ကမ္ဘာသစ်ဆီသို့ စေလွှတ်ခဲ့ပြီးဖြစ်သည်။ စကြဝဠာအခြားတစ်ဖက်သို့ ဂယ်လက်ဆီများအားဖြတ်ကာ ခရီးသွားရန်အတွက် စနေဂြိုဟ်အနီးတွင် အင်မတန်ကြီးမားသည့် တွင်းနက်တစ်ခုအား လွန်ခဲ့သောနှစ် ၄ဝ ခန့်က စတင်တွေ့ရှိခဲ့သည်။ အစီစဉ် (က) လူသားများအား တတ်နိုင်သမျှ Endurance ယာဉ်ပေါ် တင်ခေါ်ကာ ကမ္ဘာမြေမှ ထွက်ခွာရန်၊ အစီစဉ် (ခ) အအေးရိုက်ထားသော လူသားမျိုးဥ ၅ဝဝဝ အားသယ်ဆောင်ပြီး လူသားမျိုးနွယ်အား ရှင်သန်အောင်ပြုလုပ်ရန် ဖြစ်သည်။ ကူးပါးသည် ယင်းခရီးစဉ်တွင် စေတနာဝန်ထမ်းအဖြစ်ပါဝင်ရန် သဘောတူခဲ့သည်။ Endurance ဖြင့် စနေဂြိုဟ်သို့ ၂ နှစ်ခန့်ကြာခဲ့သည်။ စနေဂြိုဟ်အနားသို့ရောက်သောအခါ တွင်းနက်အား slingshot အဖြစ်အသုံးချကာ ပြင်ပစကြဝဠာဆီသို့ ရောက်သွားသည်။ ကူးပါးနှင့် ဒေါက်တာဘရန်းတို့သည် မီလာဂြိုဟ်သို့ ဆင်းသက်မိရာ မတော်တဆမှုကြောင့် ၁ နာရီကျော်ခန့် ကြာသွားသည်။ ယင်းဂြိုဟ်၌ ၁ နာရီကျော်သည် ကမ္ဘာမြေ၌ ဆယ်စုနှစ် နှစ်ခု ကျော်သွားလေသည်။ ယင်းဂြိုဟ်ပတ်လမ်းအပေါ်တွင် စောင့်နေသော ဒိုလီအတွက်မူ ၂၃ နှစ် စောင့်စားခဲ့ရသည်ဟုဆိုသည်။ ကမ္ဘာမြေမှ အင်မတန်များပြားသော သတင်းများရောက်လာသောအခါ အံ့ဩရလေသည်။ အကြောင်းမူ ကူးပါး၏ သားငယ်မှာမူ အိမ်ထောင်ကျကာ ကလေးတစ်ယောက်ပင် ရလေပြီ။ သူ့သမီး မာဖီလည်း အသက် ၃၀ ကျော်သွားလေပြီ။

သရုပ်ဆောင်[ပြင်ဆင်ရန်]

Matthew McConaughey
Anne Hathaway
ကူးပါးနှင့် ဒေါက်တာဘရန်းအဖြစ် Matthew McConaughey နှင့် Anne Hathaway
  • မာဖီ ငယ်ရွယ်စဉ်ဘဝကအဖြစ် Mackenzie Foy
  • အသက်ရလာသည့်မာဖီအဖြစ် Ellen Burstyn
  • ကူးပါး၏ ယောက္ခမအဖြစ် John Lithgow
  • ဒေါက်တာ ဂျွန်ဘရန်းအဖြစ် Michael Caine
  • တွန် ကူပါးအဖြစ် Casey Affleck
  • တွန် ငယ်စဉ်ဘဝကအဖြစ် Timothée Chalamet
  • ဒေါက်တာ ဒိုလီအဖြစ် Wes Bentley
  • TARS အဖြစ် Bill Irwin (အသံသရုပ်ဆောင်)
  • CASE အဖြစ် Josh Stewart (အသံ)
  • Getty အဖြစ် Topher Grace
  • ဒေါက်တာ ရိုမလီအဖြစ် David Gyasi
  • ဒေါက်တာမန်းအဖြစ် Matt Damon
  • လူးဝစ် ကူပါးအဖြစ် Leah Cairns


ကိုးကား[ပြင်ဆင်ရန်]

  1. Interstellar။ BBFC (October 20, 2014)။ October 20, 2014 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Interstellar (2014)။ British Film Institute။ 8 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 10, 2014 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Interstellar (2014)။ Box Office Mojo။ August 29, 2015 တွင် ပြန်စစ်ပြီး။