ကြမ္မာဆောင် သားကောင် ဆိတ်ဖြစ်

ဝီကီပီးဒီးယား မှ

ကြမ္မာဆောင် သားကောင် ဆိတ်ဖြစ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကြမ္မာငင်လာလျှင် သားကောင်ကိုပင် ဆိတ်ဟု ထင်မှားမိသကဲ့သို့ ကံမကောင်းလျှင် အန္တရာယ်ကိုပင် အန္တရာယ်ဟု မထင်မှတ်ဘဲ ရှိတတ်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကံသာစီရင်၊ ကြမ္မာငင်သော်၊ ခုတင်ရွှေ့လစ်၊ လူစင်စစ်လျက်၊ ဆိတ်ဖြစ်ရကြောင်း၊ ထုံးဟောင်းရှေးက၊ မှတ်ဆိုကြ၏၊" [၁၂၆၆] မဃ * ၂၄၃။
  • "သို့ကလောက် ရိုးသား ဖြောင့်မတ်ပါလျက်ကနဲ့ သက်သက်မဲ့ အမှုပေါက်အမှုဝ ရှာပြီးလာတာပဲ။ ကြမ္မာဆောင် သားကောင် ဆိတ်ဖြစ်ဆိုသလို စိတ်ညစ်စရာ ဖြစ်ကြရတာပဲ။" [၁၂၇၈] မှာပုံ။ ၃၀၁။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၉