ကြစုပင်

ဝီကီပီးဒီးယား မှ

Terminalia citrina
မျိုးရိုးခွဲခြားခြင်း
လောက:
Plantae
Division:
Tracheophyta
မျိုးပေါင်း:
Magnoliopsida
မျိုးစဉ်:
Myrtales
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
Terminalia citrina
Synonyms

Terminalia teysmannii Koord. & Valet.
Terminalia multiflora Merrill
Terminalia hilia Buch.-Ham. ex Wall.
Terminalia curtisii Ridl.
Terminalia comintana Merrill
Terminalia arborea Koord.
Myrobalanus citrina Gaertn.
Embryogonia arborea Teijsm. & Binn.
Combretum arboreum Miq.
Bucida comintana Blanco

ကြစု ခေါ် ဖန်ခါးငယ် သည် အပင် ပင်ကြီးမျိုးဖြစ်၏။ ပေ ၆၀ မှ ၈၀ အထိမြင့်သည်။ ဖန်ခါးထက် ပင်စည်ပိုဖြောင့်သည်။ အရွက်သည် ရွက်ဆိုင်ထွက်သည်။ ၃-၆ လက်မအထိ ရှည်၍ အရွက်ရင်းများ ပြောက်ချောတောက်ပသည်။ လှံစွပ်ပုံဗြက်ကျယ်၍ ရှည်မျောမျောထိပ်ချွန်ဖြစ်သည်။ ရွက်ညှာ ၁/၂ လက်မခန့် ရှည်သည်။ အရွက်နားချောသည်။ အပွင့်မှာ သေးငယ်သည်။ ဝါမှိုင်းမှိုင်း အရောင်ရှိသည်။ ပွင့်ညှာမဲ့ပြီး တစ်ပင်တည်း တွင် အဖိုပွင့်၊ အမပွင့် ပါရှိသည်။ တန်ခူး၊ ကဆုန်လတွင် ပွင့်သည်။ အသီးမှာ ၂ လက်မနီးပါးရှိ၍ ရှည်မျောမျော မှ လှံစွပ်ပုံ အထိရှိသည်။ ဖန်ခါးသီးထက် ငယ်သည်။ ၅ ထောင့် ရှိသည်။ ဆောင်းရာသီတွင် သီးမှည့်သည်။

မြန်မာနိုင်ငံ အနှံ့အပြား ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

အာနိသင်[ပြင်ဆင်ရန်]

မြန်မာဆေးကျမ်းများ အလိုအရ ကြစုသီးသည် ချဉ်၊ ဖန်၊ ခါး၊ ဆိမ့်၊ စပ်သော အရသာငါးမျိုးရှိ၏။ အဖန်သည် အားအကြီးဆုံးဖြစ်၏။ ဝမ်းမီးကို တောက်စေ၍ သွေးသောက်လျှင် ဝမ်း သက်၏။ ပြုတ်စားလျှင် ဝမ်းချုပ်၏။ ဖျော်စားလျှင် လေ၊ သွေး၊ သည်းခြေ ဒေါသသုံးပါးကို နိုင်၏။ အသက်ကို ရှည်စေ၏။ မျက်စိနာနှင့် သင့်၍ အသံကို ကောင်းစေ၏။

အသီး[ပြင်ဆင်ရန်]

  1. ပျားရည်နှင့် ကြစုသီးမှုန့်ကို လျက်ပေးသော် လေရောဂါ ပျောက်၏။
  2. ကြစုသီးကို ထုခြေ၍ ဆေးတံတွင်ထည့်သောက်သော် ပန်းနာရောဂါ ပျောက်၏။
  3. ကြစုသီးကို မုန့်ကျွဲသည်းကဲ့သို့ ကျိုစားသော် ဝမ်းတစစ်စစ် သက်သော ရောဂါ ၊ အစာမကြေ ဝမ်းသက်ရောဂါ ပျောက်၏။
  4. အသားကျယ်ပြန့်စွာ စားတတ်သော အနာကို ကြစုသီးငါးခွက်တစ်ခွက်တင်ပြုတ်၍ ဖန်ရေဆေးပေးရ၏။
  5. ကြစုသီးကို ရေနှင့်သွေး၍ ပျားရည်၊ နှမ်းဆီတို့နှင့် ရောပြီး မီးလောင်သောနေရာ ၊ ရေနွေးပူလောင်သော နေရာတို့၌ လိမ်းကျံပေးရ၏။
  6. ကြစုသီးမှုန့်ဖြင့် သွားတိုက်သော် သွားဖြူ၏။ သွားရောဂါပျောက်၏။ အသီးကို ရှားစေးနှင့် ပြုတ်ငုံသော် သွားခိုင်၏။ ကြစုသီးကို ငါးခွက်တစ်ခွက်တင် ကျို၍ ပျားရည်နှင့်ရောသောက်သော် အမျိုးမျိုးသော ခံတွင်း ရောဂါများပျောက်၏။
  7. ကြစုသီးနှစ်ကို ကြိတ်၍ ခေါင်းတွင် လိမ်းပေးသော် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏။
  8. ကြစုသီးကို တစ်ညလုံး ရေနှင့် စိမ်ပြီး နံနက်တွင် ယင်းစိမ်ရည်နှင့် မျက်စိကို ဆေးကြောပေးသော် မျက်စိအေး၍ အမြင်သန်၏။
  9. ကြစုသီးမှုန့်ကို မုရားကြီးရွက်ညှစ်ရည်ဖြင့် ၇ ကြိမ်တေ၍ ၇ ကြိမ် နေလှန်းပြီး ပျားရည်နှင့် တေ၍လျက်သော်သွေးအန်၊ သွေးလျှံရောဂါ ပျောက်၏။
  10. ကြစုသီးမှုန့်ကို ပျားရည်နှင့် လျက်လျှင်လည်းကောင်း ၊ ထန်းလျက်နှင့်တေ၍ အလုံးပြု စားလျှင်လည်းကောင်း၊ အစာအိမ်အချဉ်ပေါက်ရောဂါ ပျောက်၏။
  11. ကြစုသီးကို နွားကျင်ငယ်ရေနှင့် ပြုတ်၍ သောက်သော် သွေးအားနည်းရောဂါ၊ အချိ၊ အဖောရောဂါ ပျောက် ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. http://arogyamonline.com/commodity/materials/?raw=63[လင့်ခ်သေ]