မာတိကာသို့ ခုန်သွားရန်

ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ်

ဝီကီပီးဒီးယား မှ

ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[] တိမ်တောင်သဖွယ် မင်းရေးကျယ် ဟူ၍လည်း အသုံးပြုသည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ကြက်ဥအယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ် ဆိုသည်မှာ ကြက်ဥအတွင်းမှ သန္ဓေသား၏ အမွေးအရောင် မည်သို့ဖြစ်မည်ကို ခန့်မှန်းရန် မလွယ်ကူသကဲ့သို့ကောင်းကင်ရှိ တိမ်တောင်တိမ်တိုက်များသည်လည်း မည်သည့်အသွင်သဏ္ဌာန် ဖြစ်လာမည်ကို ခန့်မှန်းရန် မလွယ်ကူပေ။ ထို့အတူ တိုင်းရေးပြည်ရေး အုပ်ချုပ်မှုအရေးကိစ္စများသည်လည်း မည်သို့မည်ပုံ ဖြစ်ပေါ်ပြောင်းလဲလာမည်ကို ခန့်မှန်းရန် အလွန်ခက်ခဲသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အခြေအနေများကို ကြိုတင်ခန့်မှန်းရန် မလွယ်ကူကြောင်းကို ဖော်ပြသည်။ အထူးသဖြင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စများသည် အကြောင်းအမျိုးမျိုးကြောင့် ရုတ်တရက် ပြောင်းလဲသွားနိုင်သောကြောင့် ကြိုတင်ခန့်မှန်းရန် အလွန်ခက်ခဲသည်။

  • ကြက်ဥအယောင် ဆိုသည်မှာ မဖောက်ရသေးသော ကြက်ဥအတွင်းရှိ သန္ဓေသား၏ အမွေးအရောင်ကို ကြိုတင်မသိနိုင်ခြင်းကို ရည်ညွှန်းသည်။
  • တိမ်တောင်သဖွယ် ဆိုသည်မှာ ကောင်းကင်ရှိ တိမ်များသည် အချိန်နှင့်အမျှ ပုံသဏ္ဌာန် ပြောင်းလဲနေသောကြောင့် မည်သို့ဖြစ်လာမည်ကို ခန့်မှန်းရန် မလွယ်ကူခြင်းကို ရည်ညွှန်းသည်။
  • မင်းရေးကျယ် ဆိုသည်မှာ တိုင်းပြည်အုပ်ချုပ်ရေး၊ နိုင်ငံရေးကိစ္စများသည် အလွန်ရှုပ်ထွေးနက်နဲပြီး အခြေအနေများ အချိန်မရွေး ပြောင်းလဲနိုင်သောကြောင့် ကြိုတင်ခန့်မှန်းရန် မလွယ်ကူခြင်းကို ရည်ညွှန်းသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • ပင်လုံးကျွတ်လျှင်၊ နီတွတ်လှတင့်၊ အပွင့်ရဲရဲ၊ ပေါက်ထဲကျေးနေ၊ သိခဲထွေဖြင့်၊ မိုးခြေတိမ်သွင်၊ ဥတွင်ကြက်ငယ်၊ လျှပ်ရောင်ဝယ်၌၊ ခြည်သွယ်သေးဖွဲ၊ ပုလဲလုံးညီ၊ သီသော်ခဲ၏၊ နက်နဲဆွေးနွေး၊ ပြည်တဲရေးကို၊ []
  • ပြည်တဲအရေး၊ ကျေးနှင့်ပေါက်ပင်၊ ချည်မျှင်ပင့်ကူ၊ နှိုင်းတူကြက်ဥ၊ တိမ်အထုကို၊ လွယ်မှုသိနိုင်၊ အပြီးတိုင်သား၊ []
  • မင်းရေးမင်းရာ၊ အဖြာဖြာလျှင်၊ မှာမှာသမှု၊ မသာတုနှင့်၊ ကြက်ဥအယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်၍၊ မင်းဝယ်ကိစ္စ၊ ဖြစ်တတ်လှ၏။ []
  • ကြက်ဥအယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ် ဆိုသည့်စကားအရ တိုင်းရေးပြည်ရေးများသည် အလွန်ပင် ရှုပ်ထွေးပွေလီ များပြားပါသည်။ []

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၈၅၀_ခန့်] ပကိဏ်။ ၄။ ကိုးကား အမှား - Invalid parameter "'pakin4" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၈၇၀-ခန့်] ဗန္ဓ။ ၇၇။ ကိုးကား အမှား - Invalid parameter "'bandha77" in <ref> tag. The supported parameters are: dir, follow, group, name.
  4. [၈၉၇] မဂ်စိုး ၂၀။ ကိုးကား အမှား - Invalid parameter "'magsoe20" in <ref> tag. The supported parameters are: dir, follow, group, name.
  5. [၁၂၉၄] ဒဂုန်၊ ၁၄၆။ ၃၇၅။ ကိုးကား အမှား - Invalid parameter "'dagon146-375" in <ref> tag. The supported parameters are: dir, follow, group, name.