မာတိကာသို့ ခုန်သွားရန်

ကြက်မသွား မြားပါ၊ မိန်းမသွား စကားပါ

ဝီကီပီးဒီးယား မှ

ကြက်မသွား မြားပါ၊ မိန်းမသွား စကားပါ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ကြက်မသွား မြားပါ၊ မိန်းမသွား စကားပါ ဆိုသည်မှာ မသွားသင့်သော အချိန်၊ မသွားသင့်သော နေရာသို့ သွားမိသော ကြက်များသည် သူတစ်ပါး ပစ်လိုက်သော မြားနှင့် ပါလာတတ်သကဲ့သို့ မသွားသင့်သော အချိန်၊ မသွားသင့်သော နေရာသို့ သွားမိသော မိန်းမများတွင်လည်း စကားအရှုပ်အထွေး ပါလာတတ်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် အချိန်အခါနှင့် နေရာဒေသကို ထောက်ဆ၍ သွားလာသင့်ကြောင်း၊ မဆင်မခြင် သွားလာပါက အန္တရာယ်နှင့် အရှုပ်အထွေးများ ကြုံတွေ့နိုင်ကြောင်း သွန်သင်ဆုံးမထားသည်။

  • ကြက်မသွား မြားပါ ဆိုသည်မှာ မသွားသင့်သော နေရာသို့ သွားမိသော ကြက်သည် အမဲလိုက်သူများ၏ မြားဖြင့် ထိမှန်လာနိုင်သည်ကို ရည်ညွှန်းသည်။
  • မိန်းမသွား စကားပါ ဆိုသည်မှာ မသွားသင့်သော နေရာသို့ သွားမိသော မိန်းမများသည် ကဲ့ရဲ့ရှုတ်ချခံရခြင်း၊ အတင်းအဖျင်း ပြောဆိုခံရခြင်း စသည့် စကားအရှုပ်အထွေးများနှင့် ရင်ဆိုင်ရနိုင်သည်ကို ရည်ညွှန်းသည်။

ဆိုလိုသည်မှာ မည်သူမဆို မသင့်လျော်သော အချိန်၊ နေရာသို့ သွားရောက်ပါက တစ်နည်းတစ်ဖုံ ဒုက္ခရောက်နိုင်ကြောင်းကို သွယ်ဝိုက်၍ ဖော်ပြသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • အခါအခွင့်၊ ကြောင်းမသင့်က၊ တဖျင့်တပါး၊ လွတ်ရှောင်ရှား၍၊ မသွားကြရာ၊ သွားမိပါသော်၊ ကြက်မှာကားမြား၊ စကားမိန်းမ၊ ပါတတ်လှရှင့်၊ ရှေးကဆရာ၊ အပြစ်မှာ၏။ []
  • အဖသူဌေးကြီး ဓနဉ္စယက သင်ပြပြောဆိုရာတွင် ကြက်မသွား မြားပါ၊ မိန်းမသွား စကားပါ လာသည့်ရှေးရိုး အတုခိုးလျက် အကျိုးမရှိသောစကား ပြောကြား၍လည်း သူတစ်ပါးတို့၏ အပြင်မီးကို အိမ်ထဲသို့ မသွင်းနှင့်ဟု ဆိုဆုံးမခဲ့ဖူးလေသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၀၀-ခန့်] ဓီတရော ၁၁။ ကိုးကား အမှား - Invalid parameter "'dhitaraw11" in <ref> tag. The supported parameters are: details, dir, follow, group, name.
  3. [၁၃၄၀] မြဝတီ၊ ၂၆၊ ၅။ ၉၆။ ကိုးကား အမှား - Invalid parameter "'myawaddy26-5-96" in <ref> tag. The supported parameters are: details, dir, follow, group, name.