ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲ
ပုံပန်းသွင်ပြင်
ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]ကြက်တူရွေးသည် တော်ရုံတန်ရုံမျှသာ စကားပြောတတ်သော်လည်း မယ်ဘော်က သူ့ကြက်တူရွေး စကားတတ်ကြောင်း အမွှမ်းတင်ရာတွင် လွန်ကဲ့သကဲ့သို့ တစ်စုံတစ်ယောက်၏ ဂုဏ်အရည်အချင်းမှာ တော်ရုံမျှသာ ဖြစ်သော်လည်း သူ့အား လိုလားသူ၏ အမွှမ်းတင်မှုမှာ လွန်ကဲလှသည်။
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "အင်း ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲလှတယ် ဆိုသလို ကိုယ်တို့ အထိန်းတော်ကြီးမှာလည်း ရှေ့နေတော်ကြီး ဖြစ်မှန်းမသိ ဖြစ်နေပါကလား" [၁၃၁၃] စာဆိုတော်၊ ပ။ ၂၂၉။