ကြက်ဆီထမင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကြက်ဆီထမင်း[ပြင်ဆင်ရန်]

ကြက်ဆီထမင်း ချက်ရန်အတွက်

  • ကြက်ရင်ပုံ တစ်ခု
  • ဆန် နို့ဆီဗူး ၃ လုံး
  • ကြက်သွန်ဖြူ ၄ ဥ
  • ဂျင်း တစ်တက်
  • ဆား အနည်းငယ်
  • ပဲငပိ ၂ ဇွန်း
  • ပဲငန်ပြာရည် အကြည် ၁ ဇွန်း
  • ပဲငန်ပြာရည် အနောက် ၁ ဇွန်း
  • ငရုတ်သီးစိမ်း
  • သခွားသီး ၁ လုံး
  • နံနံပင် ၁ စည်း

ပထမဦးစွာ ကြက်ရင်ပုံကို ရေဖြင့်စင်စင်ဆေးပြီး ဆားဖြင့်နယ်ပါ။ ဂျင်းကို အပြားလေးများလှီးပါ။ ကြက်သွန်ဖြူဥကြီးတစ်ဥကို အလယ်မှာ ထက်ဝက်ပိုင်းပါ။ ထို့နောက် အိုးကြီးကြီးတစ်လုံးထဲသို့ ကြက်ရင်ပုံ၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ထည့်ကာ ကြက်ရင်ပုံမြုပ်သည်ထိရေထည့်ကာ ပြုတ်ပါ။ ကြက်ရင်ပုံ နူးလာလျှင် အိုးထဲမှ ဆယ်ယူထားပြီး အသားနွှင်ထားပါ။ ထို့နောက် ထမင်းပေါင်းအိုးထဲသို့ ဆန်ထည့်ပါ။ ကြက်ပြုတ်ရည်ကို ဆန်ခြင်ခွက်ဖြင့် တိုင်းထည့်ပါ။ ဆန် ၁ ဆ ၊ ရေ ၁ ဆခွဲ အချိုးဖြင့်ထည့်ပြီးနောက် ဂျင်းပြား၊ ကြက်သွန်ဖြူမွှာ အနည်းငယ်ကို ပေါင်းအိုးထဲ ဆန်နှင့်အတူ ရောထည့်ကာ ချက်ပါ။ ကြက်ရိုးများကို ကြက်သွန်ဖြူ၊ ငရုတ်ကောင်းများထောင်းကာ ဟင်းချိုရည်ချက်ပါ။ တွဲဖက်စားရန်အတွက် အချဉ်ပြုလုပ်ရန် ကြက်သွန်ဖြူ ၃ မွှာ၊ဂျင်း ၃ ပြား၊ ငရုတ်သီးစိမ်း နှစ်သက်သလောက်ကို သေးသေးနုပ်နုပ်စင်းပါ။ ထို့နောက် ပဲငပိ၊ ပဲငန်ပြာရည် အကြည်၊ ပဲငန်ပြာရည် အနောက် တို့ဖြင့်ရောနယ်ပါ။

ထမင်းကျက်လျှင် ဆယ်ယူထားသော ကြက်သားကို နှစ်သက်သလိုလှီးပြီး ပန်းကန်ထဲတွက် ထမင်း၊ ကြက်သားတို့ကို ပြင်ဆင်ပြီးနောက် သခွားသီး၊ နံနံပင်၊ အချဉ်၊ ဟင်းချိုရည်တို့ဖြင့် တွဲဖက်စားသုံးနိုင်ပါပြီ။

ကြက်ဆီထမင်း