ကြက်ကောင်း ကြိုးမကွာ
ပုံပန်းသွင်ပြင်
ကြက်ကောင်း ကြိုးမကွာ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]တိုက်ကြက်ကောင်းကို ကြိုးနှင့် အမြဲမကွာ ချည်နှောင် စောင့်ရှောက်ထားရသကဲ့သို့ အလားအလာကောင်းသူကို ဂရုစိုက်၍ စည်းကမ်းနှင့် မကင်းမကွာ ထိန်းကွပ်ကြပ်မတ်ထားရသည်။
ဆိုရိုးအဖြစ်အသုံးရှိကြောင်းဖော်ပြချက်
[ပြင်ဆင်ရန်]- ကြက်ကောင်း ကြိုးမကွာ မြန်မာဆိုရိုးစကားလည်းရှိသည်။
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "အဲမောင်းကိုယ်စီ၊ ရုံးချင်းမှီ၍၊ စွဲချီမပြတ်၊ ဝန်းပတ်အုပ်ထွေ၊ ရဲဗိုလ်ခြေလည်း၊ ကုဋေကိုးရာ၊ သွားတိုင်းပါလျက်၊ မခွာငြိမ့်ညောင်း၊ ရံကြရှောင်း၏၊ ကြက်ကောင်း ကြိုးမကွာ၊ ဟူစပါသို့၊" [၁၂၆၆] မဃ * ၁၄၅။