ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင် မခံနိုင်

ဝီကီပီးဒီးယား မှ

ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင် မခံနိုင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျွဲနှစ်ကောင် ခတ်ရာတွင် ကြားက မြေစာပင်များ ပျက်စီးရသကဲ့သို့ အင်အားကြီးသူနှစ်ဦး ခိုက်ရန်ဖြစ်ပွားရာတွင် ကြားက အင်အားငယ်သူများ ဒုက္ခရောက်ရသည်။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ကျွဲနှစ်ကောင် ခတ်တဲ့ကြား မြေစာပင်ကြေ ဟူ၍လည်း အသုံးရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "မင်းကတော်ကြီးစိတ်မှာ ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင်ကြေဟူသကဲ့သို့ သားနှင့်လင်၏အရိပ်အကဲကိုသာ ကြည့်လျက် စကားများစွာမပြောဘဲ စိတ်နှလုံး ညစ်ညူးစွာပင် နေထိုင်ရရှာလေသည်။" [၁၃၀၄] စာရေးဆရာ၊ ၁၊ ၂။ ၁၃၂။
  • "အဘသမီးရဲ့အဖြစ်ဟာ ဆိုးလှတယ်။ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်လို အဘတို့ရဲ့ ရာဇဝင်အဆက်ဆက်က မုန်းတီးခဲ့တဲ့ ဇာတ်လမ်းမှာ အပြစ်မဲ့တဲ့ အဘသမီးဟာ ဓားစာခံဖြစ်ရတယ်။" [၁၃၃၄] သွေး၊ ၃၁၈။ ၁၇၈။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၀