ကျွဲကျောင်းသံ

ဝီကီပီးဒီးယား မှ

ကျွဲကျောင်းသံ ကဗျာကို အမည်မသိရှေးစာဆို ရေးဖွဲ့ခဲ့သည်။ ရခိုင်တေး ကဗျာအမျိုးအစား ဖြစ်သည်။

ကျွဲကျောင်းသံ[ပြင်ဆင်ရန်]

ပက္ကလာယေ၊ ရိုင် − ရိုင်
ကြိမ်သားတုတ်ကို၊ နနှောင်းကိုင်၊ ကယိုင်ကပါး
နှင်းမြိုင်မြိင်ကေ၊ တောင်ကျိုင်ကြားမှာ
ကျွဲကျောင်းလားရေ။

အစ်ကိုမပါ၊ ညီမပါ
ကြိမ်သားတုတ်ကို၊ နနှောင်းကိုင်၊ ကယိုင်ကပါး
နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမှာ
ကျွဲကျောင်းလားရေ။

ဟူး ... ရေ ... ရေ ... ဟူး။

ထွေတောင်ဒေတောင်၊ ချောင်မြောင်တလွှား
ပိုးပစိုင်းသံ၊ ညံသသွား
တောသံလီသံ၊ မဆူညံ
နှင်းသံဖြဖြောက်၊ ပပေါက်ဖောက်သို့ကြားရရေ။

ဂြောင်တောင်ကြောင်၊ နက်ပြောင်ခလောင်း
တောဘယံမှာ၊ သာငြိမ့်ညောင်းပျာ ကြားရရေ။

ဟူး ... ရေ ... ရေ ... ဟူး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ပက္ကလာ = ရခိုင်တွင် ယောက်ျားတို့ အဆောင်းများသော ကျောထိအောင်ဆောင်းသည့် ခမောက်ရှည်။

၂။ ရိုင်ရိုင် = လှပတင့်တယ်ယဉ်ကျေးသည်။

၃။ နနှောင်း = မြဲမြံစွာ။

၄။ ကယိုင်ကပါး = ကယိမ်းကပါး။

၅။ တောင်ကျိုင်ကြား = တောင်ချိုင့်ကြား။

၆။ ကျွဲကျောင်းလားရေ = ကျွဲကျောင်းသွားသည်။

၇။ ဟူးရေရေဟူး = အော်ဟစ်သံ။

၈။ ထွေတောင်ဒေတောင် = ဟိုတောင် ဒီတောင်။

၉။ ပိုးပစိုင်း = ပုစဉ်းရင်ကွဲကောင်။

၁၀။ ညံသသွား = ဆူညံနေသည်။

၁၁။ လီသံ = လေတိုက်သံ။

၁၂။ ဖြဖြောက် = ဖြောက်ဖြောက်မြည်သောအသံ။

၁၃။ ပပေါက် = ပေါက်ပေါက်။

၁၄။ ခလောင်း = ခလောက်။

၁၅။ တောဘယံ = တောင်ကမ်းပါးယံ။

၁၆။ ပျာ = ပြီးလျှင်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − သတ္တမတန်း