ကျွေးဥ
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
ကျွေးဥ (Strangle Cake) ၏ မျိုးရင်း ရုက္ခဗေဒအမည်မှာ Dioscoreaceae ဖြစ်သည်။ ၎င်း၏အရွက်သည် ကွမ်းရွက်ခန့်ရှိသည်။ အရွက်ဝိုင်း၏။ နွယ်ပင်မျိုးဖြစ်သည်။ ဆူးသေးများ ရှိသည်။ နှစ်ရှည်ခံနွယ်မျိုးဖြစ်သည်။ ဥတွင် အမွေးရှိသည်။ တပိဿာခန့် အလေးချိန်ရှိသည်။ ၎င်းသည် မူးအန်စေတတ်သည်။ အရေကျို၍ မြှားဆိပ်သင့်သော အခါ၌ အသုံးပြုရသည်။ အားကို လွန်စွာဖြစ်စေတတ်သည်။ မူးရစ်စေတတ်သော အဆိပ်တမျိုးရှိ၍ ၎င်းကို ချက်ပေါင်းစားသောအခါ၌ ရက်ပေါင်းများစွာ ရေ၌ စိမ်ထားပြီးမှ ဆေးကြောပြီးလျှင် ချက် ပေါင်း စားကြသည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ အရှင်နာဂသိန် ပုံပြဆေးအဘိဓာန် (ပတွဲ-စာ၁၃၀)
ဤ အပင် ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |