ကျွန်းနက်

ဝီကီပီးဒီးယား မှ

ကျွန်းနက်များကို ကချင်ပြည်နယ်မိုးကောင်းမြို့နယ်အတွင်း ကရင်ပြည်နယ် မြဝတီနား တဝိုက်ပေါက်ရောက်ပြီး ရှမ်းပြည်နယ် မိုးမိတ်အနီးတဝိုက်နှင့်မြန်မာနိူင်ငံရှိ ရေနံမြေနှင့်ဆက်စပ်နေသော မကွေး ၊ရေနံချောင်း၊ချောက်၊ကလေးစသည့် ဒေသများတွင် ရှားပါးစွာ ပေါက်ရောက်သည်။ ကျွန်းနက်သည်မူလအစက ကျွန်းဖိုပင် ဖြစ်သော်လည်း ရေနံမြေ၏ အောက်ခံမြေဆီလွာနှင့် ကျောက်အလွာကြောင့် သက်တမ်းရင့်လာသည့်အခါကျွန်းနက် အဖြစ်သို့ပြောင်းလဲသွားသည့် သယောင်ရှိသည်။ ဂမ္ဘီရအနွယ်ဝင် သစ်ပင် ဖြစ်သောကြောင့် တော်ရုံတန်ရုံ တွေ့ရှိဖို့ မလွယ်ကူပေ။ သိဒ္ဓိဝင် ဂမ္ဘီရ သစ်တစ်မျိုးဖြစ်သဖြင့် မြန်မာ့ရိုးရာ အယူအရ ထိုက်တဲ့သူထံအလိုလိုရောက်လာတတ်တယ် ၊ ထိုက်သူသာ ကိုင်ဆောင် အသုံးပြုနိုင်တယ်လို့အဆိုရှိတယ်။ ဘုန်းကြီးသော ဆရာတော်ဘုရားကြီးများလည်း ကျွန်းနက်ဆင်းတုတော်များ မှာယူ ပူဇော်လေ့ရှိပါတယ်။

ကိုးနဝင်း ကျွန်းနက်[ပြင်ဆင်ရန်]

ကျွန်း = (၂) တနင်္လာနံ နက် = (၇) စနေနံ ပေါင်း = (၉)ကိုးနဝင်းမိပါတယ်။

ထို့ကြောင့် ခုနှစ်ရက်သားသမီးများ အတွက် ကောင်းကျိုးချမ်းသာ အဖြာဖြာကို ဆောင်ကျဉ်းပေးမည့် သစ်မြတ်ဖြစ်ပါတယ်။


ဆင်းတုတော်ထုလုပ် ကိုးကွယ်ခြင်း[ပြင်ဆင်ရန်]

ကိုးကွယ်သော အိမ်မိသားစု၏ ဘေးအန္တရာယ်အသွယ်သွယ် ကင်းစေခြင်း၊ ရန်သူမျိုး (၅)ပါးတို့၏ ဘေးအန္တရာယ်များ ကင်းဝေးစေခြင်း စသော အကျိုးများ ရှိစေသည့်အပြင် ထုလုပ်ကိုးကွယ်သူ များအား ဘုန်းကံကြီးစေခြင်း အမျိုးမျိုးသော လာဘ်တို့ရွှင် ငွေများဝင်ခြင်း၊ အန္တရာယ်များကင်းဝေးစေခြင်း အစရှိသော အကျိုးကျေးဇူးများကို ရှိစေနိုင်သည်။

အဆောင်များ ထုလုပ်၍ စတင်ပြီးဝတ်ဆင်မည် ဆိုပါက - နံနက်အာရုံတက်ချိန်တွင်

 ကိုယ်လက်သန့်စင် ငါးပါးသီလခံယူ၍

- နတ်ဒေဝါ တို့အား မေတ္တာပို့သ၍ - ဂုဏ်တော်(၉)ပါးအား (၉)ခေါက်

 ရွက်ဖတ် သိဒ္ဓိတင်ကာ၊
 ညာလက်မောင်း၊ ညာဘက် လက်ကောက်ဝတ်တွင် 
 ဝတ်ဆင်ထားပါက လာဘ်ရွှင် ငွေဝင် စေခြင်း ၊
 မသမာသူတို့ အောက်လမ်းဖြင့်
 အလွယ်တကူ မလုပ်ကြံနိုင်ခြင်း၊
 ရန်သူများမှ မိမိအား အလွယ်တကူ
 လုပ်ကြံ ရန်ပြု၍ မရနိုင်ခြင်း အစရှိသဖြင့်

ဂန္ဘီရအစွမ်းများ ရှိကြောင်း ယုံကြည်ကြသည်။


အဂ္ဂိရိတ်ပညာနှင့် သိဒ္ဓိဝင် ကျွန်းနက်[ပြင်ဆင်ရန်]

ကျွန်းနက်ကို မီးရှို့ပါက ရွှေရောင်ပြာ၊ ငွေရောင်ပြာ၊ သံလိုက်ပြာများ တွေ့ရှိရပါမည်။ အဂ္ဂိရိတ်ပညာရှင်များ ရွှေရောင်ပြာ၊ သံလိုက်ပြာများ ကို စုပီး လက်ချားဆော်ဒါများကို ချော်ချက်ပြီး ထည့်ထည့်ထိုးပါ။ သံပြဒါးလုံး ရပါမည်။ ထို သံပြဒါးလုံးကို ဂေါ်လီလုံးကဲ့သို့ လုံးနေသော သံပြဒါး စစ်စစ်အဖြစ် လုံး၍ ကြိုက်ရာ သံလမ်းသို့ ဆက်၍ တက်နိုင်သည်။

အဂ္ဂရိတ်ပညာဖြင့် ဓာတ်လုံးရအောင် ထိုးနိုင်လျှင် ပီယသိဒ္ဓိ၊ ကာယသိဒ္ဓိ တို့၌ အလွန်ထူးခြားသည်။

စာဆိုအရ ‘‘လက်ခတ်သံ ကျွန်းဖိုသား သောင်တိုင်က ကြားသလေလေ…’’ ဆိုသော သီချင်းမှာ ကျွန်းနက် ကို ဆိုလိုကြသည်။ အထက်ကောင်းကင် အထိပင် လက်ခမောင်း ခတ်လောက်အောင် သိဒ္ဓိဝင်သော “သံ”မှာ “ကျွန်းနက်သံ” ဖြစ်သည်ဟု ဆိုသည်။


လာ်ရွှင်ငွေဝင် သိဒ္ဓိရှိခြင်း[ပြင်ဆင်ရန်]

ပုတီး စီရင်ပြီး ထိုပုတီးဖြင့် ဂုဏ်တော်(၉)ပါးကို နေ့တိုင်းစိပ်ပါက လာဘ်ရွှင်စေပါသည်။ လိုအပ်လာသောအခါ ပုတီးစောင့်နတ်က အိပ်မက်လာပေးတယ်လို့ ပြောကြသည်။ ကျွန်းနက်ဘုရားကို အိမ်မှာပူဇော်ထားပါက - လာဘ်ရွှင် ရန်ကင်း ငွေအဝင်ကြမ်းလွန်းလို့

 သင် စိတ်ချမ်းသာရပါလိမ့်မည်။

ဘုရားထုမည်ဆို အိမ်စီးပွားတိုးဖို့ရာ (၁)ဇဗ္ဗူ၊ (၂)ပတိ၊ (၃)မဟာမုနိ ဆင်းတုတော်များ၊ ကုမ္ပဏီရုံးခန်းများ၊ ဈေးဆိုင်များတွင် ပူဇော်ကိုးကွယ်မည်ဆိုပါက လာဘမုနိ ရုပ်ရှင်တော်မြတ် (သို့မဟုတ်) ရှင်သီဝလိ၊ ရှင်ဥပဂုတ် ဆင်းတုတော်တို့ကို ထုလုပ်၍ ပူဇော်လေ့ရှိကြပါတယ်။ မိတ်ဆွေတစ်ယောက် မှာယူ၍ ပူဇော်ထုလုပ်ထားတဲ့ရှင်ဥပဂုတ်ရုပ်ရှင်တော်မြတ် ဟာဆိုရင် သူ၏ ဆိုင်ရှေ့ကို အရောင်တင်နေတုန်းမှာပင် ဈေးဝယ်သူများ တဖွဲဖွဲကျလာတာကို ထူးထူးခြားခြားမြင်တွေ့ရဖူးပါတယ်။

နောက်ပြီး ဝိဇ္ဇာဓာတ်နှင့် နဂါးသိုက် တို့နဲ့ ဆက်စပ်ပြီး ပဌာန်းဆက် ရှိသူများသာ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

ဈေးရောင်းကောင်း၊ ဝယ်သူစည်ကား၊ လက်မလည်အောင် ရောင်းရလိုပါသလား?

 ဈေးရောင်း/ဈေးဝယ် လုပ်သူများ အနေဖြင့်

မေတ္တာသုတ် ရွတ်ဖတ်၍ ကျွန်းနက်အား ပက်ဖြန်းခြင်းဖြင့်လဲ ဈေးဝယ်သူများ စည်ကားစေပါသတဲ့ခင်ဗျာ။

အင်မတန်လွယ်ကူပြီး ရိုးရှင်းလွန်းလို့ ဟုတ်မှဟုတ်ပါ့မလား ထင်မိမှာပါ။ ဒါပေမယ့် ကျွန်းနက်လေး လက်တဆစ်လောက် ရှာပြီး လုပ်ကြည့်ပါ။ တကယ်ထူးခြားမှု ရှိမှာဖြစ်ပါတယ်။ အိမ်၊ မြေ၊ တိုက်တာ၊ ခြံ၊ ကား ... အမြန်ရောင်းထွက်ချင်သလား ? အပြင်မီး၊ အတွင်းမီး၊ အပူသောကမီးများ ငြိမ်းအေးလိုသလား ?

မန္တလေးမှ တရားရိပ်သာ ဖွင့်လှစ်ထားသော ဆရာတော်ဘုရား၏ ဩဝါဒအတိုင်း .. ကျွန်းနက်အသားလေးဖြင့် စီရင်နိုင်ပါတယ်ခင်ဗျာ။ ”ကျွန်းနက်အတုံးလေး(၁)တုံး (သို့) အချောင်း(၁)ချောင်းဖြင့် ရောင်းလိုသော မြေကွက်အလယ်ဗဟိုရှိ မြေကြီးပေါ်ထောက်၍ ... ရောင်းလိုသော ဈေးဖြင့် အမြန်ရောင်းထွက်ဖို့ဆုတောင်းရမှာပါ။ နောက်တနည်းကတော့ ရေသန့်ဗူးထဲကို ကျွန်းနက် လက်မလောက်ထည့်၊ ဘုရားအား ကပ်လှူ၍ ပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ်ဆုတောင်းပြီး .. ရောင်းလိုသော ကုန်၊ ကား၊ အိမ်၊ ခြံ တို့အား ပက်ဖျန်း ပေးခြင်းဖြင့် အလျှင်အမြန် ရောင်းထွက်စေပါတယ်။


နာနာဘာ၀ ဝိနာဘာဝတို့ အန္တရာယ်မှ ကင်းဝေးစေခြင်း[ပြင်ဆင်ရန်]

ကျွန်းနက်အသားကို ဆောင်ထားရုံဖြင့် ပယောဂ အတိုက် ကင်းစေတယ် ၊ သရဲ မခြောက်စေ၊ မကပ်စေပါဘူး ( သရဲ၊ တစ္ဆေ ကြောက်တတ်သူများ အထူးဆောင်သင့်ပါတယ်)။ ညည အိပ်မက်ဆိုးတွေ မက်ပြီး အနှောက်အယှက် ခံနေရပီလား? ကျွန်းနက်သားကိုပဲ ဆောင်ထားပါ။ အိပ်မက်ဆိုးတွေ မမြင်မက်စေပါဘူး။


ကျွန်းနက်အား ဆေးအဖြစ်ဖြင့် အသုံးပြုကြခြင်း[ပြင်ဆင်ရန်]

“သွေးကင်ဆာရောဂါ၊ သွေးအားနည်းရောဂါ၊ နှလုံးရောဂါ ဝေဒနာရှင်များ ပျားရည်နှင့်သောက်ပါ၊ ချမ်းသာကြပါမည်” လို့ဆိုပါတယ်။

အတက်ရောဂါရှင်များ ကျွန်းနက်စအား ဆောင်ထား၍ တက်သည်နှင့် ကျွန်းနက်ကို မီးရှို့ပြီး ရူနိုင်သည်။

ကိုယ်လက်ကိုက်ခဲ ထုံကျင်သူများ ကြောင်ပန်းငယ် နှင့် ရောသွေးပြီး ကိုယ်ခန္ဓာအားလိမ်းကျံ နှိပ်နယ်က သက်သာ ပျောက်ကင်းကြသည်။

ကျွန်းနက်သားအမှုန့် အနည်းငယ်အား ဆေးတော်များ ပိုမိုအစွမ်းထက်စေရန် ထည့်သွင်း၍ ဖော်စပ်ကြသည်။


ကျွန်းနက်သား စစ်မစစ် စစ်ဆေးနည်း[ပြင်ဆင်ရန်]

ကျွန်းနက်သားအစစ်သည် မီးပြာချလျှင် “နီညိုရောင်”သန်းသော “ရွှေပြာ”ကို ရရှိမည်။ “ရွှေပြာ”ကို စက္ကူပေါ်တွင် ပွတ်ကြည့်ပါက “ဝင်းဝါသော ရွှေရောင်” ဖြစ်ရပါမည်။ ထို “ရွှေပြာ”အချို့ကို ယူ၍ သံလိုက်ဖြင့် ဆွဲကပ်ကြည့်ပါ၊ သံလိုက်မှာ ကပ်မှသာလျှင် “ကျွှန်းနက်သားအစစ်” ဖြစ်သည်။


ကျွန်းနက်အား ကိုင်ဆောင်ရာတွင်သတိပြုရန် အချက်များ[ပြင်ဆင်ရန်]

* - လူများနင်းသော နေရာ၊ - ခြေနင်းဖတ်၊ - ကြမ်းပြင်၊ - နံနိမ့်စေသာ နေရာများတွင် မထားရပါ။

* - အိမ်သာ၊ - ရေချိုးခန်း၊ - အမှိုက်ပုံး၊ - မီးဖိုချောင် စသည့် နေရာများတွင် မထားရပါ။

*ပြူတင်းတံခါးတို့၏အနီး၊ အိမ်အပြင်ဟင်းလင်းပြင်တွင် မထားရပါ၊ “ကျီး”နားက “ဂုဏ်သတ္တိပျယ်သည်”ဟု အယူရှိသည်။

* အဝတ်တန်းအောက် ၊ ထဘီတန်းအောက် မထားကောင်းပါ၊

* ခြောက်သွေ့ သန့်ရှင်းသော၊ မြင့်မြတ်သော နေရာများတွင်သာထားရန် အကြံပြုအပ်သည်။