ကျွန်းကုန်းတံတား
ပုံပန်းသွင်ပြင်
ကျွန်းကုန်းတံတား သည် ဧရာဝတီတိုင်းဒေသကြီးရှိ အိမ်မဲမြို့နှင့် ဝါးခယ်မမြို့ကို ဆက်သွယ်ပေးထားသည့် တံတားတစ်စင်း ဖြစ်သည်။ ဤမြစ်သည် ပြမလောမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားပြီး ဝါးခယ်မ - ကျွန်းကုန်း - မြင်းကဆိပ် - ပုသိမ် လမ်းမပေါ်တွင် တည်ရှိသည်။ တံတားသည် တစ်လမ်းသွား ဘေလီတံတားအမျိုးအစား ဖြစ်ကာ တံတားအရှည် ၅၀၀ ပေ (၁၅၀ မီတာ)၊ အကျယ် ၁၄ ပေ (၄.၃ မီတာ) ရှိသည်။[၁]
ကျွန်းကုန်းတံတားကို ဖြတ်သန်းကာ ဝါးခယ်မမှ ပုသိမ်သို့ သွားမည်ဆိုပါက ၅၅.၄ မိုင် (၈၉ ကီလိုမီတာ) ရှိပြီး ဤလမ်ကြောင်းသည် ဝါးခယ်မမှ ပုသိမ်သို့ အတိုဆုံးလမ်းကြောင်း ဖြစ်သည်။ ကန်ကလေးမှ သွားမည်ဆိုပါက ၉၂ မိုင် (၁၄၈ကီလိုမီတာ)၊ အိမ်ဲမမှ သွားပါက ၈၆ မိုင် (၁၃၈ ကီလိုမီတာ) ရှိသည်။ ဤတံတားကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွင့်ခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Priority given to development of the roads after Roads Year was designated" 2011-07-16 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . The New Light of Myanmar 23 April 2006
- ↑ "Kyungon Bridge opened in Wakema Township" 2011-07-19 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . MRTV3