ကျွန်ဝယ်ရာ အဆစ်ပါ

ဝီကီပီးဒီးယား မှ

ကျွန်ဝယ်ရာ အဆစ်ပါ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျွန်ဝယ်ရာတွင် ဝယ်သည့်ကျွန်အပြင် နောက်ထပ်လူပို အဆစ်ပါသွားသကဲ့သို့ တစ်ဦးတစ်ယောက်၏ကိစ္စတွင် တိုက်ရိုက် မပတ်သက်ဘဲနှင့် ပတ်သက်သူကို အကြောင်းပြု၍ ပါဝင်ဆောင်ရွက်ပေးရသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "အရေးထဲ ငှက်ခက်ဆရာကြီးကတော် အဒေါ်ကြီးက ကျွန်ဝယ်ရာ၌ အဆစ်ပါနေချေတော့သည်။" [၁၂၈၀ ခန့်] ပွဲမြ။ ၁၀၇။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၁