ကျွန်ယုံ တစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်း
ပုံပန်းသွင်ပြင်
ကျွန်ယုံ တစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]မိမိ၏ နောက်လိုက်တပည့်များကို ယုံမိလျှင် မျက်စိတစ်ဖက်ကန်းသူကဲ့သို့ ၎င်းတို့၏ အပြစ်များကို အများအားဖြင့် မမြင်နိုင်၊ မိမိသားသမီးအရင်းကို ယုံမိလျှင်မူကား စုံလုံးကန်းသူသကဲ့သို့ လုံးဝအပြစ်မမြင်နိုင်။ ဤကဲ့သို့ပင် မိမိနှင့် ရင်းနှီးမှုအတိုင်းအတာပေါ် မူတည်၍ သူတစ်ဦး၏ အပြစ်ကို မမြင်နိုင်ဘဲ ရှိသည်။
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "ကျွန်ယုံ တစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်းဆိုတာမျိုး ဖြစ်နေပြီ။ တူသားအရင်းအချာတွေမို့ ယုံကြည်စိတ်ချပြီး မျက်နှာလွှဲထားတာ။" [၁၂၉၅] သူရိယ၊ ၁၇။ ၉။