ကျေးနှုတ်သီး

ဝီကီပီးဒီးယား မှ

ကျေးနှုတ်သီး သည် လက်သုံးကိရိယာတမျိုးဖြစ်ပြီး ပစ္စည်းများအား မြဲမြဲကိုင်နိုင်ရန် သုံးသည်။ ဥရောပကြေးခေတ်တွင် ပူသောသတ္တုထည်တို့အား ကိုင်သည့် ညှပ်မှ တဆင့်မြင့်လာသောပစ္စည်းဟု ယူဆရသည်။ အရာဝတ္ထုများအား ကွေးရန် ဖိရန်လည်း အသုံးတည့်၏။ ကျေးနှုတ်သီးတွင် သတ္တုဖြင့်လုပ်သော တဆင့်သွားလီဗါတစုံပါပြီး အစွန်းတဖက်ဖက်ကို ပိတ်ပြီးနောက် ၎င်းတို့ကို ဗဟိုချက်၌ နေရာချလိုက်သည်။ ထိုအခါ ဗဟိုချက်၏ တဖက်စွန်းတွင် နှုတ်သီးတိုတစုံဖြစ်လာပြီး အခြားတဖက်၌ လက်ကိုင်ရှည် ဖြစ်လာ၏။ ဤနေရာချပုံက ပုဗ္ဗစက္ကမ (စက်မှုဆိုင်ရာ အားသာချက်တမျိုး) ကို ပေးသဖြင့် လက်၏ညှစ်အားကို အားကောင်းစေပြီး ပစ္စည်းကို မြဲမြဲထိန်းနိုင်လာသည်။ နှုတ်သီးတိုတို့သည် လက်ဖြင့်ကိုင်၍ လုပ်ရန် ငယ်လွန်းသော ပစ္စည်းများကိုလည်း ကိုင်တွယ်လုပ်ကိုင်နိုင်စေ၏။

အသွားချွန်ကျေးနှုတ်သီးမှာ အသွင်တူကိရိယာမျိုးဖြစ်သော်လည်း ကိုင်တွယ်ရန်ထက် ဖြတ်တောက်ရန်ကို အသားပေးထားသော ကိရိယာဖြစ်သည်။ ဖြတ်သွားနှစ်ဖက်ကြောင့် ကတ်ကြေးနှင့်ဆင်သော်လည်း ကတ်ကြေးကဲ့သို့ တဖက်နှင့်တဖက်ထပ်မှ ဖြတ်သည်မဟုတ်ဘဲ အသွားနှစ်ဖက် နှုတ်သီးချင်းအပ်ရုံဖြင့် တိခနဲပြတ်စေရန် စီမံထား၏။

လုပ်ငန်းခွင်မျိုးစုံ၌ အထွေထွေသုံး၊ သီးခြားလုပ်ငန်းသုံးများအဖြစ် ကျေးနှုတ်သီးအမျိုးမျိုး ရှိလေသည်။