ကျော်မြင့်၊ မြန်စာဂုဏ်

ဝီကီပီးဒီးယား မှ
(ကျော်မြင့်၊ မြန်မာဂုဏ် မှ ပြန်ညွှန်းထားသည်)
မြန်စာဂုဏ်ကျော်မြင့်
မွေးဖွား(၁၉၃၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-၁၂)ဖေဖော်ဝါရီ ၁၂၊ ၁၉၃၄
ပန်းတနော်မြို့
ကွယ်လွန်ဇွန် ၇၊ ၁၉၇၃(၁၉၇၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၆"။-0၇) (အသက် ၃၉)
ကလောင်အမည်ကောင်းငြိမ်း၊ မောင်ခေမာ၊ ဖိုးကျော်မြင့်၊ မောင်စေတနာ၊ မြန်စာဂုဏ်၊ ပန်းတနော်မြင့်ကျော်
အလုပ်အကိုင်မြန်မာစာပါမောက္ခ
နိုင်ငံလူမျိုးမြန်မာနိုင်ငံ
ပညာရေးမဟာဝိဇ္ဇာတန်း
အိမ်ထောင်ဖက်ဒေါ်မာလေး
မိဘဦးထွန်းမောင် + ဒေါ်စောသင်

မြန်စာဂုဏ်ကျော်မြင့် (၁၂ ဖေဖော်ဝါရီ ၁၉၃၄ – ၇ ဇွန် ၁၉၇၃) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ မြန်စာဂုဏ်ကျော်မြင့်အား ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပန်းတနော်မြို့ မြေစာရင်း အင်စပက်တော် ဦးထွန်းမောင်၊ ဒေါ်စောသင်တို့က မွေးဖွားသည်။ အမည်ရင်း ဦးဖိုးကျော်မြင့် ဖြစ်သည်။ ငယ်စဉ်က ပန်းတနော်မြို့ ဗုဒ္ဓဘာသာ ကလျာဏယုဝကျောင်းနှင့် ပန်းတနော် အမျိုးသား တန်းမြင့်ကျောင်းတို့တွင် ပညာ ဆည်းပူးခဲ့သည်။ ၁၉၄၉ ခုနှစ်မှ စ၍ ရေဝန်စက်ရုံ ငွေစာရင်းအင်း မင်းကြီးရုံး၊ အကောက်ခွန်ရုံး၊ ကြေးတိုင်နှင့် မြေစာရင်း မင်းကြီးရုံးတို့တွင် အမှုထမ်းခဲ့သည်။ ၁၉၅၂ ခုနှစ်၊ မတ်လတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်၍ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ဆည်းပူးခဲ့သည်။ ၁၉၅၇ ခုနှစ်၊ မတ်လတွင် မြန်မာစာ ဝိဇ္ဇာဂုဏ်ထူးတန်းကို အဆင့်အမြင့်ဆုံးနှင့် အောင်သည်။ ၁၉၆ဝ ပြည့်နှစ်တွင် မြန်မာစာ မဟာဝိဇ္ဇာတန်း အောင်သည်။

ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနမှ ဒေါ်မာလေးနှင့် ၂၃၊ ၁၁၊ ၁၉၆ဝ တွင် လက်ထပ်ခဲ့သည်။ ၁၉၅၇ ခုနှစ်မှ စ၍ ရန်ကုန် တက္ကသိုလ်၌ လက်ထောက် ကထိက အဖြစ် အမှုထမ်းခဲ့သည်။ ထို့နောက် စစ်တက္ကသိုလ် မြန်မာစာ ဌာနတွင် လည်ကောင်း၊ ၁၉၆ဝ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်ထိ ပုသိမ်ဥပစာ ကောလိပ် မြန်မာစာ ဌာနမှူး အဖြစ် လည်းကောင်း၊ အမှုထမ်းခဲ့သည်။ ၁၉၆၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကထိကရာထူး တိုးမြှင့်ခြင်း ခံရသည်။

နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် အရ ဆိုဗီယက် ပြည်ထောင်စု သမ္မတနိုင်ငံ၊ မော်စကိုမြို့ရှိ နိုင်ငံတကာ ဆက်သွယ်ရေး တက္ကသိုလ်တွင် မြန်မာစာ ပါမောက္ခ အဖြစ် ၁၉၆၆ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ အမှုထမ်းခဲ့သည်။

စာရေးဆရာ မြန်စာဂုဏ်ကျော်မြင့်သည် ၁၉၅၆ ခုနှစ်မှ စ၍ ကွယ်လွန်ချိန် ၁၉၇၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ အထိ စာပေ ဆောင်းပါးများ ရေးသားခဲ့သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. စလေဦးပုည၏ မေတ္တာစာနှင့် မော်ကွန်း လေ့လာ ဝေဖန်ချက် (၁၉၆၃)
  2. မြန်မာ့သိုင်းပညာ (၁၉၆၃)
  3. မြန်မာ့ရိုးရာ သိုင်းပညာသမိုင်း (၁၉၆၄)
  4. စာပေရိပ်မွန် (၁၉၆၇)
  5. စာပေတာဝန် (၁၉၆၇)
  6. ဆိုရှယ်လစ်ပညာရေး အတွေ့အကြုံ (၁၉၇ဝ)

ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့, ed. (ဖေဖော်ဝါရီ ၂၀၀၈)။ နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း။ စတုတ္ထတွဲ (ပထမအကြိမ် ed.)။ ရွှေဟင်္သာ စာအုပ်တိုက်။