ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသား

ဝီကီပီးဒီးယား မှ

ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသား ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

လှေသူကြီးနှင့် ယူတော့မည်ဟု ကျော်ကြားနေသော်လည်း လှေထိုးသားနဲ့သာ ညားသွားသကဲ့သို့ အလားအလာတစ်ခုအတွက် သတင်းပြေးသူကတစ်ဦး တကယ်ဖြစ်သူကတစ်ဦး ဖြစ်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "အေး အေး...ကင်း ပြီးရော၊ ငါက မကင်းမှာတစ်ခုသာ ပူတာ၊ ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသားဆိုတာလို ကိုအောင်ဖေနဲ့ကိုတောက်ထိန် မယားလုကြတာ အပြီးသတ်ကျတော့ မင်းနဲ့ ထွက်ပြေးသွားကြတယ်ဆိုတာမျိုးဖြစ်မှာကို စိုးရိမ်လို့ မေးရတာ..." [၁၃၀၂] ဂျာနယ်ကျော်၊ ၈၊ ၂။ ၂၇။
  • "အမျိုးမျိုး အကျိုးဆောင်ခဲ့သော်လည်း သူ့အတွက် အကြောင်းမဆိုက်ခဲ့။ စေ့စေ့တွေးလျှင်...ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသား ဆိုသကဲ့သို့ ပတ်ဝန်းကျင်က ကဲ့ရဲ့ကြပေတော့မည်။" [၁၃၂၅] ချိုတေးသံ၊ ၁၂။ ၁၃။ ၆၅။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၁