မာတိကာသို့ ခုန်သွားရန်

ကျောပူတာသာ ခံနိုင်တယ်၊ နားပူတာ မခံနိုင်

ဝီကီပီးဒီးယား မှ

ကျောပူတာသာ ခံနိုင်တယ်၊ နားပူတာ မခံနိုင် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ကျောပူတာသာ ခံနိုင်တယ်၊ နားပူ မခံနိုင် ဆိုသည်မှာ အလုပ်ပင်ပန်းမှုဒဏ်ကို ခံနိုင်သော်လည်း နားပူသည့်ဒဏ်ကို မခံနိုင်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် လူတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားကို နှိုင်းယှဉ်ဖော်ပြသည်။

  • ကျောပူတာသာ ခံနိုင်တယ် ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုကို ခံနိုင်ရည်ရှိကြောင်း၊ အလုပ်ကြမ်းလုပ်ခြင်း၊ အလေးအပင် မခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများကို ခံနိုင်ကြောင်းကို ရည်ညွှန်းသည်။
  • နားပူ မခံနိုင် ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ကို မခံနိုင်ခြင်း၊ အဆူအငေါက်ခံရခြင်း၊ အပြစ်တင်ဝေဖန်ခံရခြင်း၊ ဆူဆူညံညံ အသံများ ကြားရခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ဒဏ်များကို မခံနိုင်ကြောင်းကို ရည်ညွှန်းသည်။

ဆိုလိုသည်မှာ လူအချို့သည် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကို ခံနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ကို မခံနိုင်ကြပေ။ အထူးသဖြင့် စကားများများပြောခြင်း၊ ဆူဆူညံညံလုပ်ခြင်း၊ အပြစ်တင်ဝေဖန်ခြင်း စသည့်အရာများသည် လူအချို့အတွက် အလွန်စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • ဒီလောက် နားပူနားဆူခံနေရတာဟာ ဆိုက်ကားနင်းလို့ ပင်ပန်းရတာ ထက်တောင်မှ ဆိုးပါသေးတယ်၊ ကျွန်တော်က ကျောပူတာပဲ ခံချင်တယ်၊ နားပူတာ မခံချင်ဘူး။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၃၂] မြဝတီ၊ ၁၈၊ ၃။ ၁၀၃။ ကိုးကား အမှား - Invalid parameter "'myawaddy18-3-103" in <ref> tag. The supported parameters are: dir, follow, group, name.