ကျောင်းဝတ်စုံ အဖြူအစိမ်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများ၏ ကျောင်းဝတ်စုံကို အဖြူအစိမ်း ဟု အရောင်ကိုအစွဲပြုကာ မှည့်ခေါ်ကြသည်။ ၁၉၆၆ ခုနှစ်မှစတင်၍ အစိုးရကျောင်းများတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာဆရာမများ အားလုံး အဖြူအစိမ်းဝတ်စုံဝတ်ဆင်ကြရသည်။

အဖြူအစိမ်းကျောင်းဝတ်စုံဖြင့် မြင်တွေ့ရသော အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၆၆ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံရှိ ကျောင်းတစ်ကျောင်းစီတွင် ကိုယ်ပိုင်ကျောင်းဝတ်စုံများရှိခဲ့ကြသည်။

၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တော်လှန်ရေးအစိုးရပညာရေးဌာနက မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းများမှ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများ အားလုံး တူညီဝတ်စုံများ ဝတ်ဆင်ရန်အမိန့်ထုတ်ပြန်ခဲ့သည်။[၁] ထိုအခါ ရန်ကုန်မြို့မကျောင်းဝတ်စုံ အဖြူအစိမ်းကို တစ်နိုင်ငံလုံး၏ ကျောင်းဝတ်စုံအဖြစ် သတ်မှတ်လိုက်ကြတော့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. စံပြဗဟုသုတဘဏ်။ စံပြစာတည်းအဖွဲ့။ ၁၉၇၀။ p. ၄၂။
  2. "နှစ်တစ်ရာပြည့် မြို့မအမျိုးသားကျောင်း"။ 6 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 6 February 2022။