ကျောချမှ ဓားပြမှန်းသိ

ဝီကီပီးဒီးယား မှ

ကျောချမှ ဓားပြမှန်းသိ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မိမိကျောကို ရိုက်နှက်ပြီး ပစ္စည်းကို တောင်းခါမှ ဓားပြမှန်းသိသကဲ့သို့ မိမိကို အကျိုးယုတ်အောင်လုပ်ခါမှ ထိုသူကို လူဆိုးမှန်း သိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကျောချမှ ဓားပြမှန်းသိ၊ ပြောပြမှ မရမှန်းသိ ဆိုတာလို တည့်တည့်ပြောမှ သိတော့မှာ။" [၁၂၇၈] တင်မြ၊ ဒု။ ၇။
  • "နောင်အခါကျမှာသာ ကျောချမှ ဓားပြမှန်းသိချင်သိမည်။" [၁၃၃၇] မြင်ဝါတောင်။ ၂၂။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၁