ကျောက သားလည်း သား၊ ရင်က သားလည်း သား

ဝီကီပီးဒီးယား မှ

ကျောက သားလည်း သား၊ ရင်က သားလည်း သား ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကိတ္တိမသား၊ သားရင်းဟူ၍ မခွဲခြားဘဲ မျှတစွာ ဆက်ဆံသကဲ့သို့ လက်အောက်ငယ်သာတို့ကို စိမ်းသည် ကျက်သည် မခွဲခြားဘဲ မျှတစွာ ဆက်ဆံသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဆင်းရဲသားများကို ကျောက သားလည်း သား၊ ရင်က သားလည်း သားဆိုတာလို တရားသဖြင့် စိတ်ထားဖို့ နေ့တိုင်း သတိပေးရှာတယ်။" [၁၂၈၀-ခန့်] ပွဲမြ။ ၁၁၄။
  • "ကျောက သား၊ ရင်က သားမခြားဘဲ အစဉ်တစိုက် မိမိတို့ကို ထောက်ခံခဲ့တဲ့ သူဖြစ်ဖြစ်၊ ပုန်ကန်ခဲ့ဖူးသူဖြစ်ဖြစ် ညီမျှတဲ့အခွင့်အရေးများ ရအောင် အောက်လက် ငယ်သားများ ဆောင်ရွက်အောင်ဟာ သတိပြုပါလို့...။'" [၁၃၁၁] ပြည်သား၊ ၁။ ၁၈။ ၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၀