ကျောက်ပိရဟန္တာ

ဝီကီပီးဒီးယား မှ

ကျောက်ပိရဟန္တာ သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မဲလံဆံတော်ရှင်စေတီတော် တွင် တည်ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကျောက်ပိရဟန္တာသည် ရှေးဘဝဝဋ်ကြွေးကြောင့် ကျောက်တုံးအောက်တွင် ပရိနိဗ္ဗာန်စံဝင်ခဲ့ရသည့် ကုမာရကဿပရဟန္တာမြတ် ဖြစ်သည်။ ကျောက်ပိရဟန္တာပုံတော်ကို ကင်းရွာ၊ ကျောက်လုံးကြီး လေသာဂိုဏ်းချုပ်ဆရာတော် ဦးတရုတ်ဖြူသည် ၁၂၈၈ ခုနှစ်တွင် ပုံတော်ဖွင့် ပူဇော်ခဲ့သည်။ ထို့ကြောင့် သက်တမ်း ၉၁ နှစ် ဝန်းကျင် တည်ရှိသည်။ ယခုအခါတွင် ရဟန္တာပုံတော်အား ရွှေသင်္ကန်းကပ်ကာ ပူဇော်ထားသည်။[၁]

အတိုင်းအတာများ[ပြင်ဆင်ရန်]

ကျောက်ပိရဟန္တာရုပ်တုသည် မဲလံဆံတော်ရှင်စေတီတော်ကို ဦးခေါင်းပြုကာ တောင်ဘက်သို့ ခြေဆင်းကာ တည်ရှိသည်။ ရုပ်တုသည် ကျောက်သားအစစ်ဖြစ်ပြီး ဉာဏ်တော်သည် ၁၂ တောင်ခန့်ရှိ၍ အပေါ်ဘက်တွင် အရွယ်အစားကြီးမားသည့် ကျောက်တုံးကြီးသည် ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးလွှမ်းထားလျှက် တည်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မဲလံဆံတော်ရှင်စေတီတော်မြတ်ကြီး | Yangon Life။ 22 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2020 တွင် ပြန်စစ်ပြီး။