ကျောက်ပန်းပင်

ဝီကီပီးဒီးယား မှ

ဂျီရေးနီးယမ်းခေါ် ကျောက်ပန်းပင်မှာ ဒန်းပင်အပါအဝင် ဖြစ်သော ဂျီရေနီးယားစီးမျိုးရင်းတွင် ပါဝင်၏။ သို့သော် ကျောက်ပန်းပင်တွင် အတုနှင့်အစစ်ဟူ၍ ၂ မျိုးရှိပြန်သည်။ ကျောက်ပန်းပင်ဟု ခေါ်ဆိုနေကြသည့် အနီ၊ အဖြူနှင့် ပန်းရောင် အရောင် ၃ မျိုးရှိသော ခြံစိုက်ပန်းမွှေးပင်များမှာ အမှန်အားဖြင့် ကျောက်ပန်းပင် အတုမျှသာ ဖြစ်လေသည်။ ကျောက်ပန်းပင်အစစ်မှာ အပင်ရိုင်းသာဖြစ်၍ မရန်းရောင် သို့မဟုတ် ပန်းရောင်ပွင့်များ ပွင့်လေ့ရှိ၏။ ထိုအပင်၏ သီး တောင့်ပုံကိုကြည့်၍ အင်္ဂလန်ပြည်တွင် ထိုအပင်ကို ကရိန်းဗိ (ကြိုးကြာနှုတ်သီး)ပင် ဟူ၍ ခေါ်ကြသည်။ ယင်းတို့မှာ အထူး သဖြင့် လောင်းရိပ်ရသော နေရာများတွင် ပေါက်လေ့ရှိသည်၊ သီးတောင့်များ မွေးနုကလေးများကို တွေ့နိုင်သည်။ အလှအပ ဆုံးမျိုးမှာ ပန်းပြာပွင့်သော အမျိုးဖြစ်၍ လမ်းဘေးများတွင် ပေါက်လေ့ရှိသည်။ အခြားတစ်မျိုးမှာ စိုစွတ်သော သစ်တော များနှင့် အုတ်တံတိုင်းပျက်ကြီးများပေါ်တွင် ပေါက်ကြ၍ ယင်းတို့၏ အပွင့်ကလေးများမှာ မရန်းပြာနုရောင်ပေါ်တွင် အနီစင်းများ ရောလျက်ရှိ၏။ ခြောက်သွေ့သော သဲမြေများတွင် ပေါက်လေ့ရှိ၍ ကျောက်ပန်းပင်အနွယ်ဝင် အခြားပန်းပင်တစ်မျိုး လည်း ရှိသေးသည်။ ယင်းကိုစတော့ဗိ(ငှက်ကျားနှုတ်သီး)ပင်ဟု ခေါ်သည်။

ဧည့်ခန်းများတွင် ပန်းအိုးများ၌ အလှစိုက်ပျိုးထားလေ့ ရှိသော ကျောက်ပန်းပင်မျိုးမှာ ကျောက်ပန်းပင်ဟု ခေါ်ရ ငြားသော်လည်း အထက်တွင်ရေးခဲ့သည့်အတိုင်း အတုမျှသာ ဖြစ်သည်။ ထိုအပင်သည် အမှန်အားဖြင့် ပယ်လာဂိုးနီးယမ်း ဟု ခေါ်သော ပန်းပင်တစ်မျိုး ဖြစ်သည်။ သို့ရာတွင် ဂျီရေးနီး ယေးစီး မျိုးရင်းမှာပင် ပါဝင်လျက် ကျောက်ပန်းပင်နှင့် အသွင် ချင်းသာ ကွာခြားသည်။ ပန်း၏အရောင်မှ ဆွတ်ဆွတ်ဖြူမှ ပန်းရောင်နှင့် ကြက်သွေးရောင်အထိ အရောင်မျိုး စုံသည်။ အရွက်များမှလည်း အဝါရောင် အဖြူရောင်စသည်ဖြင့် ကွဲပြား ကြသည်။ ထိုပန်းပင်မျိုးကို အထူးသဖြင့် အိမ်ပြတင်း ပေါက်ဝ များတွင် အလှစိုက်ပျိုးကြ၍ စားပွဲတင်ပန်းအိုး စသည်များဖြင့် လည်း အလှအပစိုက်ပျိုးလေ့ရှိကြသည်ကို တွေ့ရှိရလေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)