ကျောက်တွင်းနတ်များ

ဝီကီပီးဒီးယား မှ

ကျောက်တွင်းနတ်များ သည် မြန်မာ့မိရိုးဖလာကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။ မိုးကုတ်မြို့နယ်တွင် ကျောက်တူးသည့်လုပ်ငန်း၌ ကိုးကွယ်ကြသည့် နတ်လည်း ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

သမိုင်းဖြစ်စဉ်ကိုမူ သိရှိရခြင်း မရှိသေးပေ။

နတ်ကြီး ၇ ပါး၏ အမည်များမှာ

  1. ဘိုးမင်းကြီး
  2. ဘိုးဘိုးကြီး
  3. ကျောက်ကုလား ဘိုးဘိုးကြီး
  4. ဘိုးသောမှိုင်း
  5. သော့ကိုင်သခင်မ
  6. ရွှေကိုင်ချောင်းဆုံအရှင်ကြီး
  7. ဂိဇ္ဈကုဋ်အရှင်ကြီး တို့ ဖြစ်ကြသည်။[၁]

ယုံကြည်ကိုးကွယ်မှု[ပြင်ဆင်ရန်]

မိုးကုတ်မြို့နယ်တွင် နတ်တော်လဆန်းနှင့် နယုန်လဆန်းရက် အင်္ဂါနေ့ သို့မဟုတ် စနေနေ့များတွင် နံနက်စောစောကျီးမနိုးမီ အချိန်၌ ကျောက်တွင်းနတ်များကို ပူဇော်ပသကြသည်။ ပူဇော်ပသရာတွင် မုန့်ဖြူ၊ မုန့်နီ၊ သစ်သီးမျိုးစုံနှင့်တကွ နတ်စင် ၇ စင် သို့မဟုတ် နတ်ကြီး ၇ ပါးကို ရည်မှန်းကာ ပန်း၊ ဆီမီး၊ ဖယောင်းတိုင်များဖြင့် ပူဇော်ပသကြသည်။ မိမိတို့အလိုရှိရာ ကျောက်များ ရရှိရန်အတွက်လည်း ဆုတောင်းမှုများ ပြုကြသည်။

ထိုသို့ နတ်တင်မြှောက်သည့် နံနက် ၆ နာရီမှ နေ့လယ် ၁၂ နာရီအထိ နတ်ကန်တော့သောနေ့ဟု ခေါ်ဆို၍ ကျောက်တွင်းတူးခြင်း လုပ်ငန်းကို မလုပ်ကြပေ။ ၁၂ နာရီကျော်မှ အလုပ်လုပ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၂၀၉။