ကျောက်တုံးစက်ဝန်း

Swinside stone circle, England
စတုန်းဆာကယ် သည် ကျောက်တုံးများကို စက်ဝိုင်းပုံသဏ္ဌာန် ထောင်ထားသည့် နေရာတစ်ခု ဖြစ်သည်။ ၎င်းတို့ကို ဥရောပတိုက် မြောက်ပိုင်းနှင့် ဂရိတ်ဗြိတိန်တို့တွင် များသောအားဖြင့် တွေ့ရလေ့ ရှိသည်။ 3000 BCE မှစ၍ ကျောက်ခေတ်နှောင်းပိုင်းနှင့် ကြေးခေတ် အစောပိုင်းကာလတို့တွင် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ ထင်ရှားသည့် နေရာများမှာ Avebury ရှိ သမိုင်းမတင်မီကာလက သင်္ချိုင်း၊ ရိုးရွိုက်စတုန်း Rollright Stones နှင့် စတုန်းဟင့်ရှိ အဝိုင်းသဏ္ဌာန်ထောင်ထားသည့် ကျောက်တုံးများ ဖြစ်သည်။ ရှေးခေတ်စတုန်းဆာကယ်များကို ဥရောပတစ်ခွင်၊ Pyrenees တွင် များစွာနှင့်၊ ပြင်သစ်နိုင်ငံတောင်ပိုင်း Cevennes ရှိ Causse de Blandas, Alps, ဘူဂေးရီးယားနိုင်ငံနှင့် ပိုလန်နိုင်ငံတို့တွင် တွေ့ရသည်။