မာတိကာသို့ ခုန်သွားရန်

ကျောက်ဆွိုက်

ဝီကီပီးဒီးယား မှ
၂၀၁၈ အာရှအားကစားပြိုင်ပွဲ တိုက်ကွမ်ဒို ၆၃ ကီလိုတန်း ဆုရ၊ မီယာဟာဆင် ဟိုစီနီ (Mirhashem Hosseini) ပထမဆု၊ ကျောက်ဆွိုက် ဒုတိယဆု၊ ဟယ်ကျားရှင်း တတိယဆု၊ ကျောက်ကျန်းမင် တတိယဆု

ကျောက်ဆွိုက် (တရုတ်: 赵帅, ၁၉၉၅ ဩဂုတ် ၁၅ မွေး)သည် လျောင်နင်ပြည်နယ်၊ လင်ယွင်မြို့တွင် မွေးဖွားပြီး၊ တရုတ် တိုက်ကွမ်ဒိုအားကစားသမား ဖြစ်ကာ၊ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ၌ အမျိုးသား ၅၈ ကီလိုတန်း ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အိုလံပစ်ဆုရ တရုတ်ပထမဆုံး တိုက်ကွမ်ဒို ကျားလက်ရွေးစင် ဖြစ်လာသည်။[][] ၂၀၁၇ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် ရွှေတံဆိပ်ရသည်။ ၂၀၁၅ အစောပိုင်းတွင်မူ တတိယဆုသာ ရသည်။ ၂၀၁၈ အာရှအားကစားပြိုင်ပွဲ၌ တရုတ်အလံကိုင် ဆောင်ရွက်ပြီး၊ ယင်းပြိုင်ပွဲတွင် ငွေတံဆိပ်ရသည်။

၂၀၀၆ တွင် တိုက်ကွမ်ဒို စတင် လေ့ကျင့်သည်။ ၂၀၁၁ တွင် ကျန်းစူးပြည်နယ် (Jiangsu Province) တိုက်ကွမ်ဒိုအသင်းသို့ ဝင်ရောက်သည်။ ရှီးနန်တက္ကသိုလ် (Southwest University) ၂၀၁၃ ဆင်း လေ့ကျင့်ရေး ထူးချွန်ကျောင်းသား ဖြစ်သည်။ ချစ်သူ ကျိန့်ကျူးယင်း မှာလည်း တိုက်ကွမ်ဒို အားကစားသမားပင် ဖြစ်ကာ၊ ရီယိုဒီ အိုလံပစ် အမျိုးသမီး ၆၇ ကီလိုအထက် တန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတံဆိပ် ရခဲ့သည်။

၂၀၂၁ ဇူလိုင် ၁၇ တွင် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့က အမျိုးသမီးဘောလီဘောအားကစားသမား ကျူးထင် (朱婷)၊ တိုက်ကွမ်ဒိုအားကစားသမား ကျောက်ဆွိုက်တို့ကို တိုကျိုအိုလံပစ်ဖွင့်ပွဲ၌ တရုတ်ပြည်ကိုယ်စားပြု အလံကိုင်အဖြစ် ဆောင်ရွက်စေမည်ဟု ထုတ်ပြန်ကြေညာသည်။[][][][][]

ကိုးကား

[ပြင်ဆင်ရန်]
  1. 跆拳道——男子58公斤级:赵帅夺冠 新华社 (2016-08-18)။ 2020-07-02 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. 赵帅教练:没陪练就没这块金牌 新浪体育 (2016-08-18)။ 2020-07-02 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. 官宣双旗手!朱婷、赵帅担任东京奥运会开幕式中国体育代表团旗手 world.huanqiu.com 2021-07-17 တွင် ပြန်စစ်ပြီး။
  4. 朱婷、赵帅担任东京奥运会开幕式中国体育代表团旗手--文旅·体育--人民网 ent.people.com.cn 2021-07-17 တွင် ပြန်စစ်ပြီး။
  5. 界面体育 (2021-07-17)။ 中国体育代表团官宣:朱婷、赵帅担任东京奥运会开幕式旗手 finance.sina.com.cn 2021-07-17 တွင် ပြန်စစ်ပြီး။
  6. 朱婷、赵帅担任东京奥运会开幕式中国体育代表团旗手_腾讯新闻 new.qq.com 2021-07-17 တွင် ပြန်စစ်ပြီး။
  7. 朱婷赵帅担任中国代表团奥运会开幕式旗手 -中新网 www.chinanews.com 2021-07-17 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်

[ပြင်ဆင်ရန်]