ကျောက်ခွဲပင်

ဝီကီပီးဒီးယား မှ
ကျောက်ခွဲပင်
en:Saxifraga cochlearis
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
မျိုးစဉ်: Saxifragales
မျိုးရင်း: Saxifragaceae
မျိုးစု: Saxifraga
Tourn. ex L.
အမျိုးအစား မျိုးစိတ်
en:Saxifraga granulata
Sections

See text

Synonyms [၁]

Boecherarctica Á.Löve
Cascadia A.M.Johnson
Micranthes Haw.
Zahlbrucknera Rchb.

ကျောက်ခွဲပင်သည် 'ဆက်စီဖရာဂေးစီး' (Saxifragaceae) မျိုးရင်းတွင်

ပါဝင်သည်။ ဆက်စီဖရိတ်မှာ လက်တင်ဘာသာ စကားဖြစ်၍ ကျောက်ခွဲပင်ဟု အဓိပ္ပာယ်ရသည်။ အမည်နှင့် လိုက်အောင် ထိုအပင်များသည် ကျောက်မြေ ကျောက်ခဲများရှိသော နေရာများတွင်သာ ပေါက်ရောက်လေ့ရှိပြီး အမြစ်များသည် မြေကြီးမှ ရေနှင့် ဓာတ်သတ္တုများ ရရှိရေးအတွက် ကျောက်မြေများကို ခွဲဖောက်ကာ စွဲမြဲစွာ ပေါက်ရောက်တတ်သည်။ ထို့ကြောင့် ကျောက်ခွဲပင်များသည် အပင်လောကတွင် အတော်အတန် ထင်ရှားသည်။ ယင်းတို့ကို စိုက်ပျိုးရန် လွယ်ကူသည်။ အချို့ ကျောက်ခွဲပန်းမျိုးမှာ အလွန်လှပသောကြောင့် ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြ၏။

ကျောက်ခွဲပင်များ ပေါက်ရောက်ပုံမှာ ထူးဆန်းသည်။ အချို့မှာ တောင်များပေါ်တွင် ရေညှိကမ္ဗလာ ခင်းသကဲ့သို့ စိုစိုပြည်ပြည် စု၍ပေါက်ကြသည်။ အချို့မှာ တစ်ပင်စီ ခပ်ခွာခွာ ပေါက်သည်။ ရွက်လွှာကလေး များမှာ မွဲပြာရောင်ရှိ၍ နူးညံ့သည်။ အပွင့်ကလေးများမှာ အဖြူ အနီ ပန်းရောင်နှင့် မရမ်းစေ့ရောင် စသည်ဖြင့် အရောင်ကွဲ အမျိုးမျိုးရှိသည်။ ပွင့်ရာတွင် အုံလိုက်စု၍ ပွင့်ညှာခိုင်အဖျားတွင် ပွင့်ကြသည်။ အလွန်လှပသော တောင်ကျောက်ခွဲ ပန်းရိုင်းတစ်မျိုး၏ အဝါရောင် အပွင့်ကလေးများတွင် အနီစက်ကလေးများ ပါရှိသည်။ အချို့အမျိုးမှာ အပွင့်သီးခြား မပွင့်ကြဘဲ ပင်စည်ဘေးရှိ ဖူးထွက်သော သစ်ဖုလုံးကလေးများမှ ထွက်၍ ပွင့်ကြသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Saxifraga L.Germplasm Resources Information Network။ United States Department of Agriculture (February 9, 2005)။ 15 January 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 November 2021 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)