ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေ

ဝီကီပီးဒီးယား မှ

ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျီးနှင့်ဘုတ်တို့သည် တစ်ကောင်နှင့်တစ်ကောင် လေးစားရိုသေကြသကဲ့သို့ မိမိက သူတစ်ပါးကို ရိုသေလေးစားခြင်းဖြင့် သူတစ်ပါးက မိမိကို ရိုသေလေးစားသည်။

ရှေးအခါက တောအုပ်တစ်ခုတွင် ဘုတ်နှင့်ကျီးတို့ အဆွေခင်ပွန်းဖွဲ့ကာ နေကြသည်။ တစ်နေ့သော် ကျီးသည် ဘုတ်အား အဆွေ၏ အမွေးသည် အနီတွင် အဝါရောင်သန်းလျက် မြတ်စွာဘုရား၏ သင်္ကန်းတော်နှင့်တူသဖြင့် အသင့်အား ရိုသေပါ၏ ဟုဆို၏။ ဘုတ်ကလည်း ကျီးအား အဆွေကျီး၏ အမွေးအတောင်တို့သည် အနက်ရောင် တဖိတ်ဖိတ်ပြေးလျက် မြတ်စွာဘုရား၏ သပိတ်တော်နှင့်တူသဖြင့် အသင့်အား ငါရိုသေပါ၏ဟု ပြန်ပြောလေသည်။ ပုံပြင်

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေဆိုသော စကားကဲ့သို့ မင်းကလည်း မူးမတ်လျှောက်တင်ချက်ကို အလေးမူ၊ မူးမတ်တို့ကလည်း မင်း၏ မိန့်တော်မူချက်ကို အလေးမူကာ အရေးယူကာနှင့် တိုင်းပြည်၏တာဝန်ကို ဆောင်ရွက်သင့်ကြပေသည်။" [၁၂၈၄] စာဏကျ၊ တ။ ၅၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၀