ကျီးအာပင်

ဝီကီပီးဒီးယား မှ
Trichosanthes tricuspidata
T. tricuspidata fruit
Flower
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Cucurbitales
မျိုးရင်း: Cucurbitaceae
မျိုးဇာတ်: Sicyoeae
မျိုးစု: Trichosanthes
မျိုးစိတ်:
T. tricuspidata
ဒွိနာမ
Trichosanthes tricuspidata
Lour.
Synonyms[၁]

Involucraria cucumerina M.Roem. (unresolved)
Involucraria modecca M.Roem. (unresolved)
Involucraria wightiana M.Roem. (unresolved)
Modecca bracteata Lam.
Trichosanthes bracteata (Lam.) Voigt
Trichosanthes puber Blume

ပုံသဏ္ဌာန် : အပင် နွယ်ပင်ကြီးမျိုးဖြစ်သည်။ ပင်စည်သန်မာ၍ အောက်ပိုင်း၌ သစ်မာဖြစ်သည်။ အကိုင်းဖြာသည်။ မြောင်းပါသည်။ ရင့်သော ပင်စည်သည် မွဲခြောက်ခြောက်အရောင်ဖြစ်ပြီး ကြမ်းသော အပြောက်အစက်များ ရှိသည်။ နွယ်နှာမောင်း ၃ ခု ဖြာသည်။ အရွက် ရွက်လွှဲ တစ်ရွက်ချင်းထွက်သည်။ ရွက်ပြားချော၍ ကြီးသည်။ ရွက်ရင်း နှလုံးပုံရှိပြီး အဝိုက်ညီသည်။ ရွက်ထိပ်ချွန်၍ ရွက်နားများ ခွေးသွားစိပ် ကျဲကျဲပုံရှိပြီး ရွက်ညှာအလွန်ရှည်ကာ အလယ်တွင် မြောင်းပါရှိသည်။ ပန်းပွင့် ပန်းခိုင်ပေါ်တွင် အဖြူရောင်ပန်းပွင့် လေးများ ပွင့်၏ ။ တန်ခူးလမှ နယုန်လအတွင်း ပွင့်သည်။ အသီး အစေ့များ ခွံမာသီး ဖြစ်သည်။ ၁၁/၂ -၂ လက်မခန့် အချင်း ရှိ၍ လုံးဝိုင်းသည်။ မှည့်သောအခါ အနီရောင် ဖြစ်သည်။ လိမ္မော်ရောင်အစင်း ၁၀ စင်း ခန့်ရှိသည်။ အသီးခွံ ထူသည်။ ဝါခေါင် ၊ တော်သလင်း လတွင် သီးသည်။ အမြစ် အမြစ်သည် မြေတွင်းသို့ နက်ရှိုင်းစွာသွား၍ မြစ်ဥပေါင်း များစွာနှင့် ဆက်စပ်လျက်ရှိ၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အသီး ၊ အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အအေးပိုင်းဒေသမှအပ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ ။ ။ သဘာ၀အလျောက် အလေ့ကျ ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် ။ ။ မြန်မာဆေးကျမ်းများအလိုအရ ကျီးအာသီးသည် ခါးသည် ၊ အနည်းငယ် ချိုသည်၊ သိမ်မွေ့သော အရသာ ရှိသည်။ နှလုံးနှင့် မသင့် ချေ။ အရည်သည် ဝမ်းသင့်စေသည်။ အသုံးဝင်ပုံ- အသီး ၁ ။ ကျီးအာသီးကိုကြိတ်၍ အုန်းဆီနှင့် ရောကျိုပြီး ခပ်နွေးနွေး ထည့်ပေးက နားကိုက်နာနှင့် နှာခေါင်းတွင် ဖြစ်သော အနာများကို ပျောက်စေသည်။ နှာပုပ်ရောဂါတွင် နှာခေါင်း ထဲသို့ ယင်းဆီကို အစက်လိုက် ထည့်ပေးရ၏ ။ ၂ ။ ၎င်းအသီးခြောက်ကို ချေ၍ ဆေးလိပ် ၊ ဆေးတံတွင် ထည့်သောက်ခဲ့သော် ပန်းနာ၊ ရင်ကျပ်ရောဂါပျောက်ကင်း၏ ။ ၃ ။ အသီးကို လည်ချောင်းရောဂါ ၊ အစာမကြေရောဂါ ၊ ချောင်းဆိုးရောဂါ ၊ ကုဋ္ဌနူနာရောဂါ ၊ နာတာရှည် ရောဂါ ၊ အစာအိမ်နှင့် စပ်လျဉ်းသောရောဂါများ အတွက် အသုံးပြုသည်။ အမြစ် ၁ ။ ကျီးအာမြစ်ကို သွေး၍ လျှာတွင် ပွတ်ပေးလျှင်တစ်ခဏချင်းပင် သလိပ်ကို ကြေစေ၏ ။ အမြစ်သက်သက် အမှုန့်ကို ထိပ်ကပ်နာ ရောဂါ၌ ရှူရ၏ ။ ၂ ။ အမြစ်ဥကိုပြုတ်၍ ပျားရည်နှင့် သောက်က ဆီးအောင့် နာ ပျောက်၏ ။

ကိုးကား[ပြင်ဆင်ရန်]