ကျီးဖြူရောက်က စစ်မက်ထ
ပုံပန်းသွင်ပြင်
ကျီးဖြူရောက်က စစ်မက်ထ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ကျီးဖြူရောက်က စစ်မက်ထ ဆိုသည်မှာ ကျီးဖြူ ရောက်ရှိပါက စစ် ဖြစ်ပွားတတ်သည်ဟု ဆိုလိုသည်။ ရှေးယခင်က ကျီးဖြူသည် မကောင်းသော နိမိတ်အဖြစ် မှတ်ယူကြပြီး ကျီးဖြူတွေ့ပါက စစ်ပွဲများ ဖြစ်ပွားတတ်သည်ဟု ယုံကြည်ကြသည်။ ဤဆိုရိုးစကားသည် အကြောင်းအရာတစ်ခု၏ ရှေ့ပြေးနိမိတ် သို့မဟုတ် လက္ခဏာကို ဖော်ပြရာတွင် အသုံးပြုသည်။ ယခုခေတ်တွင်မူ ဤယုံကြည်မှုသည် ခေတ်မမီတော့သော်လည်း ဆိုရိုးစကားအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ ရုပ်ဝါသွင်မူ၊ အမြင်တူလည်း၊ ကျီးဖြူဆင်ဖြူ၊ ဂုဏ်မတူဘူး ဟူသော စာပိုဒ်နှင့် တွဲဖက်၍လည်း အသုံးပြုလေ့ရှိပြီး အသွင်အပြင် တူညီသော်လည်း ဂုဏ်သတ္တိ မတူညီနိုင်ကြောင်းကို နှိုင်းယှဉ်ဖော်ပြသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ရုပ်ဝါသွင်မူ၊ အမြင်တူလည်း၊ ကျီးဖြူဆင်ဖြူ၊ ဂုဏ်မတူဘူး၊ ကျီးဖြူ ရောက်က၊ စစ်မက်ထ၏၊ [၂]