ကျိုတိုမီးရထားပြတိုက်
ကျိုတိုမီးရထားပြတိုက် Kyoto Railway Museum | |
---|---|
京都鉄道博物館 | |
The museum entrance in October 2016 | |
ယခင်အမည် | Umekoji Steam Locomotive Museum |
တည်ထောင်ခြင်း |
|
တည်နေရာ | Shimogyō-ku, Kyoto, Japan |
ကိုဩဒိနိတ် | 34°59′14″N 135°44′33″E / 34.98722°N 135.74250°Eကိုဩဒိနိတ်: 34°59′14″N 135°44′33″E / 34.98722°N 135.74250°E |
အမျိုးအစား | Railway museum |
ပိုင်ဆိုင်သူ | JR West |
Public transit access | Umekōji-Kyōtonishi Station, JR West Sagano Line |
အနီးဆုံး ကားရပ်ရန်နေရာ | Umekoji Park |
ဝက်ဘ်ဆိုဒ် | kyotorailwaymuseum.jp/en/ |
ကျိုတိုမီးရထားပြတိုက် (京都鉄道博物館, Kyōto Tetsudō Hakubutsukan) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ရှိမိုဂယောရပ်ကွက်တွင် တည်ရှိသည့် မီးရထားပြတိုက်တစ်ခု ဖြစ်သည်။ ဤမီးရထားပြတိုက်၏ ယခင်အမည်အဟောင်းမှာ "အုမဲခိုဂျိမီးရထားစက်ခေါင်းပြတိုက်" (梅小路蒸気機関車館, Umekōji Jōkikikansha-kan) ဖြစ်သည်။ မူလအမည်ဖြစ်သည့် "အုမဲခိုဂျိမီးရထားစက်ခေါင်းပြတိုက်" ကို ၁၉၇၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ သို့သော် ၂၀၁၆ ခုနှစ်တွင် တိုးချဲ့မှုများ၊ အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ပြီး "ကျိုတိုမီးရထားပြတိုက်" ဟူသည့်အမည်သို့ ပြောင်းလဲခဲ့သည်။
ဤပြတိုက်ကို West Japan Railway Company (JR West) က ပိုင်ဆိုင်ပြီး သယ်ယူပို့ဆောင်ရေးဆိုင်ရာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက စီမံခန့်ခွဲမှုများ ပြုလုပ်သည်။
ခင်းကျင်းပြသထားသည့် နေရာများ
[ပြင်ဆင်ရန်]The museum is divided into the following exhibition areas, including the 20-track roundhouse built in 1914. ပြတိုက်တွင် ပြသထားသည့် ဧရိယာ အပိုင်းလေးပိုင်းပါဝင်ပြီး အဝိုင်းပုံလှည့်လည်၍ရသည့် ပုံစံအဆောက်အဦတွင် ပြသထားသည်။ ထိုအဆောက်အဦတွင် ရထားလမ်းကြောင်း ၂၀ ပါဝင်ဖွဲ့စည်းထားသည်။
လွတ်လပ်စွာကြည့်ရှုနိုင်သည့် နေရာ
[ပြင်ဆင်ရန်]-
The Promenade area in May 2016
အဓိကခန်းမ
[ပြင်ဆင်ရန်]သုံးထပ်အဆောက်အဦဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။[၁]
-
Exhibits in the main hall in May 2016
-
The Main Hall viewed from the second floor in May 2016
အဝိုင်းပုံစံရှိသည့် ရထားစက်ခေါင်းများပြသရာနေရာ
[ပြင်ဆင်ရန်]၁၉၁၄ ခုနှစ်တွင် လှည့်နိုင်သည့် အဝိုင်းပုံစံခွက်တွင် ရထားများကို ပြသထားနိုင်မည့် အဆောက်အဦကို ဆောက်လုပ်ခဲ့သည်။ [၂]
-
T၂၀၁၆ ခုနှစ်၊ မေလတွင် ရိုက်ကူးခဲ့သည့် အဝိုင်းပုံသဏ္ဌာန်အဆောက်အဦ
ယခင် နိဂျောဘူတာ
[ပြင်ဆင်ရန်]၁၉၉၆ ခုနှစ်၊ မတ်လမတိုင်မီအထိ အလွှာနှစ်ခုပါရှိသည့် အဆောက်အဦသည် ယခင်က နိဂျောဘူတာ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အုမဲခိုဂျိရေနွေးငွေ့သုံးမီးရထားပြတိုက်သို့ ပြောင်းရွှေ့ခဲ့သည်။ ပြတိုက်၏ ဆေးဆိုင်ခန်းများ၏ အဝင်အဆောက်အဦဖြစ် ကျန်ရှိနေသည်။[၁]
-
ယခင်နိဂျောဘူတာအဆောက်အဦ (၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ)
ပြသထားသည်များ
[ပြင်ဆင်ရန်]၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ပြသထားသည်များမှာ စုစုပေါင်း အမျိုးအမည်ပေါင်း ၅၃ မျိုး ဖြစ်သည်။
ရေနွေးငွေ့စက်ခေါင်းများ
[ပြင်ဆင်ရန်]အမျိုးအစား | အမှတ် | ထုတ်လုပ်သူ | တည်ဆောက်ခဲ့သည့်ခုနှစ် | ပြသထားသည့်နေရာ |
---|---|---|---|---|
JGR Class 7100 | 7105 | HK Porter (USA) | 1880 | Roundhouse |
JGR Class 1800 | 1801 | Kitson & Company (UK) | 1881 | Main hall |
JGR Class 1070 | 1080 | Dübs & Company (UK) | 1901 | Roundhouse |
JGR Class 230 | 233 | Kisha Seizo | 1903 | Main hall |
JGR Class 8620 | 8630 | Kisha Seizo | 1914 | Roundhouse |
JNR Class 9600 | 9633 | Kawasaki | 1914 | Roundhouse |
JNR Class D50 | D50 140 | Hitachi | 1926 | Roundhouse |
JNR Class C51 | C51 239 | Kisha Seizo | 1927 | Roundhouse |
JNR Class C53 | C53 45 | Kisha Seizo | 1928 | Roundhouse |
JNR Class C11 | C11 64 | Kawasaki | 1935 | Roundhouse |
JNR Class C55 | C55 1 | Kawasaki | 1935 | Roundhouse |
JNR Class D51 | D51 1 | Kawasaki | 1936 | Roundhouse |
JNR Class C57 | C57 1 | Kawasaki | 1937 | Roundhouse |
JNR Class D51 | D51 200 | JNR Hamamatsu | 1938 | Roundhouse |
JNR Class C58 | C58 1 | Kisha Seizo | 1938 | Roundhouse |
JNR Class C56 | C56 160 | Kawasaki | 1939 | Roundhouse |
JNR Class B20 | B20 10 | Tateyama | 1946 | Roundhouse |
JNR Class D52 | D52 468 | Mitsubishi | 1946 | Roundhouse |
JNR Class C59 | C59 164 | Hitachi | 1946 | Roundhouse |
JNR Class C62 | C62 1 | Hitachi | 1948 | Roundhouse |
JNR Class C62 | C62 2 | Hitachi | 1948 | Roundhouse |
JNR Class C61 | C61 2 | Mitsubishi | 1948 | Roundhouse |
JNR Class C62 | C62 26 | Kawasaki | 1948 | Promenade |
ဒီဇယ်စက်ခေါင်းများ
[ပြင်ဆင်ရန်]အမျိုးအစား | အမှတ် | ထုတ်လုပ်သူ | တည်ဆောက်ခဲ့သည့်ခုနှစ် | ပြသထားသည့်နေရာ | မှတ်ချက် |
---|---|---|---|---|---|
Class DD54 | DD54 33 | Mitsubishi | 1971 | Promenade | |
Class DD51 | DD51 756 | Hitachi | 1972 | Main hall | |
Class DE10 | DE10 1156 | Hitachi | 1972 | Promenade | |
Class 912 | 912-63 | Main hall | Front end only |
လျှပ်စစ်စက်ခေါင်းများ
[ပြင်ဆင်ရန်]အမျိုးအစား | အမှတ် | ထုတ်လုပ်သူ | တည်ဆောက်ခဲ့သည့်ခုနှစ် | ပြသထားသည့်နေရာ | မှတ်ချက် |
---|---|---|---|---|---|
Class EF52 | EF52 1 | Hitachi | 1928 | Main Hall | Brown livery |
Class EF58 | EF58 150 | Tokyo Shibaura Denki | 1958 | Twilight Plaza | Blue livery |
Class EF65 | EF65 1 | Kawasaki | 1965 | Twilight Plaza | Blue livery |
Class EF81 | EF81 103 | Hitachi | 1974 | Twilight Plaza | Twilight Express green livery |
Class EF66 | EF66 35 | Toyo Denki/Kawasaki | 1974 | Main Hall | Blue livery |
ရှင်ခန်ဆန်ကျည်ဆန်ရထား
[ပြင်ဆင်ရန်]အမျိုးအစား | အမှတ် | ထုတ်လုပ်သူ | တည်ဆောက်ခဲ့သည့်ခုနှစ် | ပြသထားသည့်နေရာ | မှတ်ချက် |
---|---|---|---|---|---|
0 series | 21-1 | Nippon Sharyo | 1964 | Promenade | |
0 series | 16-1 | Nippon Sharyo | 1964 | Promenade | |
0 series | 35-1 | Nippon Sharyo | 1964 | Promenade | |
0 series | 22-1 | Nippon Sharyo | 1964 | Promenade | |
100 series | 122-5003 | Hitachi | 1989 | Main Hall | |
500 series | 521-1 | Kawasaki Heavy Industries | 1996 | Main Hall |
EMUs
[ပြင်ဆင်ရန်]အမျိုးအစား | အမှတ် | ထုတ်လုပ်သူ | တည်ဆောက်ခဲ့သည့်ခုနှစ် | ပြသထားသည့်နေရာ | မှတ်ချက် |
---|---|---|---|---|---|
80 series | KuHa 86001 | Hitachi | 1950 | Promenade | Orange/green Shonan livery |
80 series | MoHa 80001 | Hitachi | 1950 | Promenade | Orange/green Shonan livery |
103 series | KuHa 103-1 | Nippon Sharyo | 1963 | Promenade | Vermillion orange livery |
581 series | KuHaNe 581-35 | Hitachi | 1968 | Main Hall | |
489 series | KuHa 489-1 | Tokyu Car | 1971 | Main Hall |
DMUs
[ပြင်ဆင်ရန်]အမျိုးအစား | အမှတ် | ထုတ်လုပ်သူ | တည်ဆောက်ခဲ့သည့်ခုနှစ် | ပြသထားသည့်နေရာ | မှတ်ချက် |
---|---|---|---|---|---|
KiHa 81 series | KiHa 81-3 | Kinki Sharyo | 1960 | Main Hall |
ခေတ်ဟောင်းကာလမီးရထားများ
[ပြင်ဆင်ရန်]အမျိုးအစား | အမှတ် | ထုတ်လုပ်သူ | တည်ဆောက်ခဲ့သည့်ခုနှစ် | ပြသထားသည့်နေရာ | မှတ်ချက် |
---|---|---|---|---|---|
SuShi 28 | SuShi 28 301 | Nippon Sharyo | 1933 | Promenade | Brown livery |
MaRoNeFu 59 | MaRoNeFu 59 1 | Kisha Seizo | 1955 | Main Hall | Brown livery |
OHa 46 | OHa 46 13 | Nippon Sharyo | 1933 | Promenade | Brown livery |
20 series | Nashi 20 24 | Nippon Sharyo | 1970 | Promenade | Blue livery |
24 series | ORoNe 24 4 | Hitachi | 1972 | Twilight Plaza | Blue livery |
50 series | OHaFu 50 68 | Niigata Engineering (also known as Niigata Tekko) | 1977 | Roundhouse | Red livery |
24 series | Sushi 24-1 | 1988 | Twilight Plaza | Twilight Express livery | |
24 series | SuRoNeFu 25-501 | 1989 | Twilight Plaza | Twilight Express livery | |
24 series | OHa 25-551 | 1989 | Main Hall | Twilight Express livery | |
24 series | KaNi 24-12 | 1975 | Main Hall | Twilight Express livery |
ကုန်တင်တွဲများ
[ပြင်ဆင်ရန်]အမျိုးအစား | အမှတ် | ထုတ်လုပ်သူ | တည်ဆောက်ခဲ့သည့်ခုနှစ် | ပြသထားသည့်နေရာ | မှတ်ချက် |
---|---|---|---|---|---|
WaMu 3500 | WaMu 7055 | Nippon Sharyo | 1917 | Main Hall | Black livery |
Yo 5000 | Yo 5008 | Kawasaki Sharyo | 1959 | Main Hall | Light green livery |
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၆၇ ခုနှစ်အစောပိုင်းတွင် အုမဲခိုဂျိအဝိုင်းပုံစံအဆောက်အဦတည်ဆောက်မှုများကို စတင်ခဲ့သည်။ ကျိုတိုမြို့တွင် ရေနွေးငွေ့သုံးမီးရထားစက်ခေါင်းများကို ပြသနိုင်မည့် ပြတိုက်တစ်ခု တည်ဆောက်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ ဖွင့်လှစ်သည့်ပွဲကို ၁၉၇၂ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့တွင် ညနေ ၁ နာရီမှ စတင်ကာ ကျင်းပခဲ့သည်။ ဖွင့်ပွဲ၏ အစအနေဖြင့် ဂျပန်အမျိုးသားမီးရထားလိုင်း၏ ဥက္ကဋ္ဌဖြစ်သူ မစ္စတာအိဆိုဇခိ (Mr. Isozaki) က အမှတ်တရအနေဖြင့် အနက်ရောင်ထင်းရှူးပင်ကို စိုက်ပျိုးခဲ့သည်။
တိုးချဲ့မှုလုပ်ငန်းများ
[ပြင်ဆင်ရန်]၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြတိုက်ကို အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့မှုများ လုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။ [၃]ပြတိုက်၏ အမည်ကို "ကျိုတိုမီးရထားပြတိုက်" ဟု ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။[၄] တည်ဆောက်မှုသည် ဂျပန်ယန်းငွေ ၇ ဘီလီယံကုန်ကျခဲ့သည်။[၅][၃]
တိုးချဲ့မှုများ ပြီးစီးသွားသည့်အချိန်တွင် ပြတိုက်အသစ်၏ ခင်းကျင်းပြသသည့်နေရာအကျယ်အဝန်းသည် ၃၁၀၀၀ စတုရန်းမီတာ ရှိခဲ့သည်။ ထို့အတွက်ကြောင့် ပြသသည့်နေရာအကျယ်အဝန်းနှင့် ပြသထားသည့် ရထားအရေအတွက်အားဖြင့် ဂျပန်တွင် အကြီးဆုံးမီးရထားပြတိုက် ဖြစ်လာခဲ့သည်။ ဤသည်မှာ ဆိုင်းတမရှိ JR East မီးရထားပြတိုက်နှင့် နဂိုယမြို့ရှိJR Central's SCMaglev and Railway Park တို့ကို ကျော်တက်သွားခြင်း ဖြစ်သည်။
အိုဆာကာမြို့တွင် တည်ရှိခဲ့သည့် ခေတ်မီပို့ဆောင်ရေးဆက်သွယ်ရေးပြတိုက်ရှိ အခင်းအကျင်းများသည် အချိန်ကာလ ကြာညောင်းလာပြီဖြစ်သဖြင့် ပြတိုက်ကို တိုးချဲ့ရန် လိုအပ်လာခဲ့ခြင်း ဖြစ်သည်။ အိုဆာကာမြို့ရှိ ပြတိုက်ကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ပိတ်သိမ်းခဲ့ပြီး ပြသထားသည်များကို အသစ်တည်ဆောက်ခဲ့သည့် ကျိုတိုမြို့ရှိ မီးရထားပြတိုက်သို့ ပြောင်းရွှေ့ခဲ့သည်။[၆]
သွားရောက်နိုင်သည့်နည်းလမ်းများ
[ပြင်ဆင်ရန်]ပြတိုက်သို့ အုမဲခိုဂျိ - ခယောတိုနိရှိဘူတာမှ လမ်းလျှောက်၍သွားပါက ၃ မိနစ်ခန့် ကြာမြင့်သည်။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedrailfan662
- ↑ Official website of the museum Archived 2009-09-01 at the Wayback Machine.. Retrieved on August 29, 2009. (in ဂျပန်)
- ↑ ၃.၀ ၃.၁ You must specify title = and url = when using {{cite web}}. (in ja)။ Press release။ West Japan Railway Company (19 December 2012)။ 19 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 December 2013 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}. (in ja)။ Press release။ West Japan Railway Company (18 December 2013)။ 19 December 2013 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}. (in ja)။ Japan Railfan Magazine Online။ Koyusha Co., Ltd. (20 December 2012)။ 20 December 2012 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}. (in ja)။ Press release။ West Japan Railway Company (24 July 2013)။ 13 August 2013 တွင် ပြန်စစ်ပြီး။