မာတိကာသို့ ခုန်သွားရန်

ကျိုတိုငါးပြတိုက်

ဝီကီပီးဒီးယား မှ

တမ်းပလိတ်:Infobox zoo

ကျိုတိုငါးပြတိုက် (京都水族館) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ အုမဲခိုဂျိပန်းခြံအတွင်းတွင် တည်ရှိသည့် ငါးပြတိုက်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Whole building
interior

ပြတိုက်ကို ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ဤပြတိုက်သည် ကုန်းတွင်းငါးပြတိုက်တစ်ခုဖြစ်ပြီး တုပပြုလုပ်ထားသည့် လူလုပ်ပင်လယ်ရေကို အသုံးပြုသည့် ဂျပန်နိုင်ငံ၏ ပထမဆုံးသော ငါးပြတိုက်လည်း ဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံတွင် တည်ရှိသည့် ကုန်းတွင်းငါးပြတိုက်များအနက် အကြီးဆုံးလည်း ဖြစ်သည်။ ကျိုတိုဘူတာ၏ အနီးအနားရှိ အုမဲခိုဂျိပန်းခြံအတွင်းတွင် တည်ရှိသည်။ ပြတိုက်ကို ORIX မြေယာအကျိုးဆောင်လုပ်ငန်းကို စီမံလျက်ရှိပြီး ၎င်းလုပ်ငန်းသည် ပန်းခြံ၏ မြေနေရာအစိတ်အပိုင်းအချို့နှင့် အနီးအနားရှိမြေနေရာများကို အငှားချထားသည်။[၁][၂]

ORIX အဆောက်အဦကော်ပိုရေးရှင်းသည် ဒိုင်းခယောအုပ်စုတို့သည် ပြတိုက်၏ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲလျက်ရှိသည်။ ငါးပြတိုက်အတွက်လိုအပ်သည့် ပင်လယ်ရေပမာဏသည် ပြတိုက်တစ်ခုလုံးတွင် အသုံးပြုသည့် ရေပမာဏ၏ ၉၀ ရာခိုင်နှုန်းရှိသည်။ ၎င်းပင်လယ်ရေများကို တိုင်းဆဲအိကော်ပိုရေးရင်း၏ အဆင့်မြင့်ရေသန့်စင်သည့်စနစ်ကို အထောက်အပံ့ပေးထားသည်။ ပြတိုက်အဆောက်အဦသည် အလွှာသုံးလွှာပါဝင်သည်။ အဆောက်အဦတစ်ခုလုံး၏ ဧရိယာသည် ၅၉၄၈.၂၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ လူပေါင်း ၅၀၀၀ ဝင်ဆံ့သည်။ တည်ဆောက်မှုကုန်ကျစရိတ်သည် ခန့်မှန်းခြေ ယန်းငွေ ၆ ဘီလီယံခန့်ရှိသည်။ ပြတိုက်သည် ပထမနှစ်တွင် လာရောက်လည်ပတ်သူ ၂ သန်းရရှိရန် မျှော်မှန်းထားခဲ့သည်။[၃][၄][၅]

ရုပ်ပုံ[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "完全人工海水の「京都水族館」…鴨川も再現"၊ Yomiuri Online読売新聞社၊ 2012-03-08။ 2012-03-14 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  2. "京都水族館 「水を大切に!」人工海水の水質保つ最新設備"၊ MSN産経west産業経済新聞社၊ 2012-05-12။ 2012-03-14 တွင် ပြန်စစ်ပြီး။ Archived from the original on 2012-06-25။ 
  3. 2012年3月14日に開業の「京都水族館」の総合管理業務を受注大京(ウェブサイト)daikyo group (2012-03-14)။ 2012-09-11 တွင် ပြန်စစ်ပြီး။
  4. "お魚にいつでも会えるね 京都水族館がオープン"၊ 京都新聞(ウェブサイト)京都新聞社၊ 2012-03-14။ 2012-03-14 တွင် ပြန်စစ်ပြီး။ Archived from the original on 14 March 2012။ 
  5. 生き物ゆったり、じっくり 京都水族館初公開京都新聞(ウェブサイト)။ 京都新聞社 (2012-03-08)။ 14 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-03-14 တွင် ပြန်စစ်ပြီး။