ကျိုင်းတောင်းရွာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရှမ်းပြည်နယ်၊ လင်းခေးခရိုင်ရှိ မြို့ အတွက် ကျိုင်းတောင်းမြို့ ကို ကြည့်ပါ။
ကျိုင်းတောင်းရွာ
ကျေးရွာ
ကျိုင်းတောင်းရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျိုင်းတောင်းရွာ
ကျိုင်းတောင်းရွာ
ကျိုင်းတောင်းရွာ တည်နေရာ
ကိုဩဒိနိတ်: 21°58′01″N 96°34′51″E / 21.9668502807617°N 96.5807418823242°E / 21.9668502807617; 96.5807418823242ကိုဩဒိနိတ်: 21°58′01″N 96°34′51″E / 21.9668502807617°N 96.5807418823242°E / 21.9668502807617; 96.5807418823242
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး
ခရိုင်ပြင်ဦးလွင်ခရိုင်
မြို့နယ်ပြင်ဦးလွင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကျိုင်းတောင်းရွာသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် နယ်မြေ (၁) ရှိ ဟိုလိပ် ကျေးရွာအုပ်စုတွင် ပါဝင်သည်။ မြောက်ဖက်တွင် ရှမ်းကုန်းမြင့်၊ ဒေသအခေါ် စော်ဘွားတောင်၊ အနောက်ဖက်တွင် နားလင်းအုပ်စု၊ အရှေ့ဖက်တွင် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး နယ်စပ်မျဉ်း၊ တောင်ဖက်တွင် နယ်မြေ (၂) ဘော်ရွာ အုပ်စုတို့နှင့် ထိစပ်နေသည်။

ဓနုလူမျိုးများ နေထိုင်ကြသည်။ မြောက်ဖက်တွင်ရှိသော စော်ဘွားတောင် ဘုရားပွဲကို တပေါင်းလပြည့်တွင် ကျင်းပကြသည်။ တောင်ဖက်တွင် နားလင်စေတီကုန်းတော်မှာ အရင်ကထင်ရှားသော်လည်း၊ ယခုတွင် ပျက်စီးစပြုနေပြီဖြစ်သည်။

လမ်းခရီး ဖွံ့ဖြိုးမှု[ပြင်ဆင်ရန်]

ပြင်ဦးလွင်မြို့နှင့် ၁၂ မိုင်ခန့် ဝေးကွာပြီး ကျောက်ကြမ်းလမ်းဖြင့် ဆက်သွယ်ထားသည်။ ပြင်ဦးလွင်မြို့ သို့ သွားရာတွင် သရက်ကုန်းရွာ၊ သင်ဂတုံရွာ၊ ရေမောင်းကုန်းရွာ၊ အင်းလျားရွာ၊ ကျီးကိုင်ရွာ၊ ရေချမ်းအိုးရွာ တို့ကို ဖြတ်သွားရပြီး ပဒေသာမြို့သစ် ချယ်ရီလမ်းထိပ်သို့ ရောက်ရှိဝင်ရောက်သည်။ ၂၀၁၉ ခုနှစ်တွင် လျှပ်စစ်မီးရရှိရန် လုပ်ဆောင်လျက်ပြီး ၂၀၁၉ခုနှစ် ဧပြီလ ၂၆ရက်တွင် လျှပ်စစ်မီးရရှိထားသည်။ အိမ်ခြေ ၁၂၀ခန့် ရှိသည်။

ဒေသ သဘာဝ ပွဲတော်[ပြင်ဆင်ရန်]

ကျိုင်းတောင်းရွာဦးကျောင်းတွင် နှစ်စဉ် တပေါင်းလပြည့်နေ့ကျော်တွင် ဝိပသာနာတရားစခန်းလည်း နှစ်စဉ်ပြုလုပ်လျက်ရှိသည်။ ထို့ပြင် စော်ဘွားတောင် ဘုရားပွဲကိုလည်း နှစ်စဉ်တပေါင်းလတွင် ကျင်းပကြသည်။

ကိုးကား[ပြင်ဆင်ရန်]