မာတိကာသို့ ခုန်သွားရန်

ကျိုက်မွတ်လအိစေတီတော်

ဝီကီပီးဒီးယား မှ

ကျိုက်မွတ်လအိစေတီတော် သည် မော်လမြိုင်မြို့အထက် ကျိတ်မြို့အရှေ့ တာတစ်သောင်းအကွာတွင် တည်ရှိသည့် မွတ်လအိတောင်ထိပ်တွင် တည်ရှိသည့် စေတီတော် တစ်ဆူ ဖြစ်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မဟာသက္ကရာဇ် ၁၁၁ ခုနှစ်တွင် ဖြစ်၏။ မြတ်စွာဘုရားသည် သထုံပြည်သို့ ကြွလာ၏။ မြတ်စွာဘုရားသည်မွတ်လအိတောင်မှ ကပ္ပရှင်ရသေ့၊ မွတ်လအပ်တောင်မှ နာရဒရှင်ရသေနှင့် အခြားတိဿရသေ့၊ သီဟရသေ့တို့ကို ဆံတော်များ ပေးသနားခဲ့သည်။

ကပ္ပရသေ့သည် ကျိတ်တောင်ပို့မြို့ကို အုပ်ချုပ်သည့် ကုလာပုမင်းနှင့် တိုင်ပင်၍ ၁၁၄ ခုနှစ်၊ နတ်တော်လတွင် ပွဲလမ်းသဘင်ကြီး ပြုလုပ်ကာ တောင်ထိပ်တွင် ဆံတော်ကို ဌာပနာကာ စေတီတည်ခဲ့သည်။[]

အတိုင်းအတာများ

[ပြင်ဆင်ရန်]

စေတီတော်သည် ဖိနပ်တော် ၁၀ တောင်၊ ဉာဏ်တော် ၁၅ တောင် ရှိသည်။ တောင်ထိပ်သည် အရှေ့နှင့် အနောက် အတောင် ၄၀ ကျယ်၍ တောင်နှင့်မြောက် ၂၅ တောင် ကျယ်သည်။[]

စေတီတော်ကို "အမြဲထင်ပေါ်သောဘုရား" ဟူ၍ မွန်ဘာသာဖြင့် ကျိုက်မွတ်လအိဟု ခေါ်တွင်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၈၀၊ ၈၁။