ကျိုက်ဒေးကစီစေတီတော်

ဝီကီပီးဒီးယား မှ

ကျိုက်ဒေးကစီစေတီတော် သည် ပဲခူးတိုင်းဒေသကြီးသနပ်ပင်မြို့နယ်အနောက်တံခွန်တိုင်ကျေးရွာတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

ကျိုက်ဒေးကစီစေတီတော်[ပြင်ဆင်ရန်]

စေတီတော်သည် သနပ်ပင်မြို့နယ်၊ အနောက်တံခွန်တိုင်ရွာရှိ တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ ဒေးကစီကျောင်းတိုက်အတွင်းတွင် တည်ရှိသည်။

ပြုပြင်ကိုးကွယ်မှုများ[ပြင်ဆင်ရန်]

  • ကျိုက်ဒေးကစီစေတီတော်မြတ်ကို လွန်ခဲ့သည့် နှစ် ၂၀၀ ကျော်က တည်ထားကိုးကွယ်ခဲ့သည်။ မူလက စေတီတော်၏ ဉာဏ်တော်သည် ၁၈ တောင်ခန့် မြင့်သည်။[၁]
  • ထို့နောက်တွင် လွန်ခဲ့သည့်နှစ် ၁၅၀ ခန့်က စေတီတော်ငယ်ကို ဉာဏ်တော် အတောင် ၃၀ အထိဖြစ်အောင် ငုံ၍ တည်ထားကိုးကွယ်ခဲ့ကြသည်။[၁]
  • ထပ်မံ၍ စေတီတော်မြတ်ကြီးအား လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်က သနပ်ပင်မြို့နယ်၊ ကျိုက်မဲကျေးရွာနေ ဦးပုန်+ ဒေါ်ပြောင်တို့မှ ၁၂၅၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၂) ရက် (၂၃-၁၁-၁၉၂၃) တွင် ဉာဏ်တော် ၄၅ တောင်ဖြစ်အောင် ငုံ၍ တည်ထားခဲ့သည်။[၁]
  • စေတီတော်သည် နှစ်ကာလ ကြာမြင့်၍ သဘာဝဘေးဒဏ်များကြောင့် ပျက်စီးလာသည့်အတွက် ၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်နေ့ (၁-၁-၂၀၂၀) တွင် ဉာဏ်တော် ၅၄ တောင် (၈၁ ပေ) ရှိအောင် တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်မြတ်ကြီးအား အမြင့် ၂၁ ပေ၊ အကျယ် ၇ ပေ၊ ဘုံ ၇ ဆင့်ပါသည့် ရွှေထီးတော်နှင့် စိန်ဖူးတော်ကို တင်လှူပူဇော်ခဲ့သည်။ ဤတည်ထားကိုးကွယ်မှုတွင် သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယက သာသနာ့ပျိုးဥယျာဉ် ကျောင်းတိုက်ကြီး၏ မူလပဓာနနာယက၊ အနောက်တံခွန်တိုင်ကျေးရွာ ဒေးကစီကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဖြစ်တော်မူသော သောတာပတ္တိမဂ်(ရှုဖွယ်)ကျမ်းပြု၊ ပဋိပတ္တိသာသနာ့ဟိနဓရ(ဂုဏ်ပြု) အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံဆရာတော်ဘုရားကြီး) တို့က ဦးဆောင်ခဲ့သည်။[၁]

အတိုင်းအတာများ[ပြင်ဆင်ရန်]

ဘုရားပွဲတော်[ပြင်ဆင်ရန်]

ကျိုက်ဒေးကစီစေတီတော် ၏ ဘုရားပွဲတော်ကို နှစ်စဉ် တန်ခူးလဆန်း ၈ ရက်နေ့တွင် ကျင်းပသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]