ကျိတ်ပင်
ပုံပန်းသွင်ပြင်
| Job's tears | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Monocots |
| Clade: | Commelinids |
| မျိုးစဉ်: | Poales |
| မျိုးရင်း: | Poaceae |
| မျိုးရင်းသေး: | Panicoideae |
| မျိုးဇာတ်သေး: | Coicinae |
| မျိုးစု: | Coix |
| မျိုးစိတ်: | C. lacryma-jobi |
| ဒွိနာမ | |
| Coix lacryma-jobi L. | |
| Synonyms[၁] | |
| |
ကျိတ်ပင်သည် မြက်ပင်ကြီးတစ်မျိုးဖြစ်၍ စိမ့်မြေများ၌ ဖြစ်ထွန်းလေ့ရှိသည်။ ဂျာမီနီးမျိုးရင်းဝင်ဖြစ်၍ ရုက္ခဗေဒအလိုအရ ကွားလက် ခရိုင်းမား ဂျိုဗီဟု ခေါ်သည်။
တစ်ခါတစ်ရံ ၆ ပေမှ ၈ ပေအထိမြင့်၍ အရွက်များ အောက်သို့ငိုက်ကျနေသည်။ ပင်စည်အထက်ပိုင်းမှ အပွင့်နှင့် အသီးများ အခိုင်လိုက် ထွက်သည်။ ဖြူပြာပြာအရောင်ရှိသော အစေ့များမှာ မာကျောလှပကာ ယင်းတို့ကို ပုတီးသီကုံး၍ သော်လည်းကောင်း၊ လွယ်အိတ်စသည်တို့တွင် တန်ဆာဆင်၍သော်လည်းကောင်း အသုံးပြုကြသည်။ တရုတ်လူမျိုးတို့ကမူ ကျိတ်စေ့ကို ဆေးဖက် ဝင်သည်ဟု ဆိုကာ ကျိတ်ပင်ကို စိုက်ပျိုးသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ The Plant List: A Working List of All Plant Species၊ 28 March 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး၊ 6 August 2017 တွင် ပြန်စစ်ပြီး
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)