ကျိကော်ပြောင်း

ဝီကီပီးဒီးယား မှ
ကျိကော်ပြောင်း
မွေးဖွား1 March 1932
Wuxi]], Jiangsu, China
ဆုံးပါး၅ စက်တင်ဘာ၊ ၂၀၁၉(2019-09-05) (အသက် ၈၇)
Beijing, China
နိုင်ငံလူမျိုးChinese
နယ်ပယ်Chemical fiber engineering
အဖွဲ့အစည်းဌာနChinese Academy of Engineering (CAE)
မိခင်ကျောင်းShanghai Jiao Tong University
Donghua University
တရုတ်အမည်
ရိုးရာ တရုတ်
ရိုးရှင်းသော တရုတ်

ကျိကော်ပြောင်း Ji Guobiao (တရုတ်: 季国标; ၁၉၃၂ မတ် ၁ - ၂၀၁၉ စက်တင်ဘာ ၅)သည် တရုတ်အင်ဂျင်နီယာနှင့် တရုတ်အင်ဂျင်နီယာသင်တန်းကျောင်း၏ ဂုဏ်ထူးဆောင် ဖြစ်သည်။ သူသည် တရုတ်ပြည်တွင် ဓာတုဖိုင်ဘာအင်ဂျင်နီယာနည်းပညာ၏ စွန့်ဦးလမ်းဖောက်သူ ဖြစ်သည်။[၁]

ငယ်စဉ်နှင့် ပညာရေး[ပြင်ဆင်ရန်]

ကျိကို ၁၉၃၂ မတ်တွင် ကျန်းစုပြည်နယ်၊ ဝူရှီးမြို့၌ မွေးသည်။ တုံးလင်အကယ်ဒမီနှင့် ဖူရဲင်အထက်တန်းကျောင်းတွင် ပညာသင်ယူသည်။ ၁၉၄၉ ရှန်ဟိုင်းလွတ်မြောက်သွားပြီးနောက်၊ ရှန်ဟိုင်း ကျောင်းထုံးတက္ကသိုလ်က လက်ခံပြီး၊ သူသည် စက်မှုစီမံဌာနနှင့် အထည်အလိပ်ဆေးရိုးပန်းရိုက် ဓာတုစက်ရုံဌာနတွင် အထူးပြုမေဂျာယူသည်။ ၁၉၅၁ တွင် စက်ရုံချိန်ညှိရာ၊ အရှေ့တရုတ် အထည်အလိပ်သိပ္ပံနှင့် နည်းပညာကောလိပ်သို့ ပြောင်းရွှေ့ကျောင်းသားအဖြစ် တက်ရောက်ရသည်။ ထိုကောလိပ်မှာ ယခုအခါ တုံးဟွာတက္ကသိုလ် ဖြစ်သည်။[၂] တက္ကသိုလ်တက်နေစဉ်၊ ဒီမိုကရက်တစ် လူငယ်ပါတီသစ်သို့ ဝင်ရောက်ခဲ့သည်။

သက်မွေး[ပြင်ဆင်ရန်]

တက္ကသိုလ် ပြီးနောက်၊ ချင်းတောင် ပုံနှိပ်နှင့် ဆေးဆိုးပန်းရိုက် စက်ရုံ (青岛印染厂) ၌ အလုပ်ဝင်သည်။[၂] အလုပ်လုပ်စဉ်၊ ဓာတုဖိုင်ဘာနှင့် ပတ်သက်သည့် ကျွမ်းကျင်အသိပညာကို သူ့ဘာသာ လေ့လာသည်။ ၁၉၅၄ တွင် တရုတ်ကွန်မြူနစ်ပါတီထဲ ဝင်သည်။ ထိုနှစ်မှာပင် အစိုးရစရိတ်ဖြင့် နိုင်ငံခြားပညာတော်သင် စေလွှတ်ခံရသည်။[၂] တရုတ်ပြည် ပြန်ရောက်လာသော်၊ ပေါင်တင့် ဓာတုဖိုက်ဘာစက်ရုံ(保定化纤厂)တွင် နည်းပညာခန်း၏ ဒါရိုက်တာဖြစ်လာသည်။ ၁၉၅၈ ဆောင်းဦးတွင် ဓာတုပညာရှင် ဟိုတဲပန်းနောက် လိုက်သွားပြီး ဂျပန်မှာ မြေဩဇာနှင့် ဖိုင်ဘာထုတ်လုပ်သည့် နည်းပညာကို လေ့လာသည်။ ၁၉၆၃ တွင် လက်ထောက်အင်ဂျင်နီယာချုပ်အဖြစ် နန်ကျင်း ဓာတုဖိုင်ဘာစက်ရုံ(南京化纤厂)သို့ ပြောင်းရွှေ့ခံရသည်။

၁၉၆၅ တွင် လန်ကျိုးဓာတုဖိုင်ဘာစက်ရုံ(兰州化纤厂) တည်ဆောက်ရာ၌ ကူညီသည်။ ယူကေတွင် အလင်းမှီဖိုင်ဘာထုတ်လုပ်သော နည်းပညာကို လေ့လာပြီးနောက် လက်ထောက်အင်ဂျင်နီယာချုပ်အဖြစ် ခန့်အပ်ခံရသည်။ ယဉ်ကျေးမှုတော်လှန်ရေး ဖြစ်ပွားရာ၊ စစ်ကြောခံရသည်။[၂][၃] သူ နိုင်ငံရေးထဲ ဝင်သည့် ၁၉၇၃ တွင် အထည်အလိပ်စက်ရုံနှင့် ဝန်ကြီးဌာနMinistry of Textile Industry (zh)သို့ ပြောင်းရွှေ့ခံရသည်။ ၁၉၇၈ တွင် ယီကျိန်းဓာတုဖိုင်ဘာ တည်ဆောက်ရာ၌ ဒုဗိုလ်မှူးနှင့် အင်ဂျင်နီယာချုပ်အဖြစ်နှင့် ကူညီသည်။ ၁၉၈၀ တွင် အထည်အလိပ်စက်မှုဝန်ကြီးဌာန၏ ဓာတုဖိုင်ဘာဌာန ဒါရိုက်တာအဖြစ် ခန့်အပ်ခံရသည်။ ၁၉၈၄ တွင် ဒုဝန်ကြီးအဖြစ် ရာထူးတိုးသည်။ ၁၉၉၄ တွင် တရုတ်အင်ဂျင်နီယာ အကယ်ဒမီသင်တန်းကျောင်း(CAE)၏ ဂုဏ်ထူးဆောင်အဖြစ် ရွေးကောက်ခံရသည်။[၂] ၂၀၀၃ ဒီဇင်ဘာတွင်၊ တုံးဟွာတက္ကသိုလ်က မော်ဒန်အထည်အလိပ်ကောလိပ်ကို ထူထောင်ရာ၊ ကျိသည် ထိုကောလိပ်၌ ပထမဆုံးသော ပါမောက္ခချုပ် ဖြစ်လာသည်။

နိဂုံး[ပြင်ဆင်ရန်]

သူသည် ၂၀၁၉ စက်တင်ဘာ ၅ တွင် ပေကျင်း၌ အသံအိုးကင်ဆာ(လည်မြိုကင်ဆာ laryngeal cancer)ဖြင့် ကွယ်လွန်သည်။[၄]

ရွေးချယ်ခံရသော စာတမ်းများ[ပြင်ဆင်ရန်]

  • "Die Entwicklung der Chinesischen Textile Industrie" (1988). Textile Technik 1. 
  • "China's Man-made Fiber Industry Prospects for the year 2000" (1990). International Fiber Journal 8. 
  • "China's Polyester Industry" (1993). Textile Institute. 
  • "China to Strengthen Industrial Textiles" (1994). Textile Monthly 7. 
  • "China intensive die Ent wicklung von Chemie faser and ihren Einsats in technischen Textilier" (1994). Chemie-faser textile industrie 9. 
  • "Development of China's Acrylic Industry" (1998). Austria: 37th International Manmade Fiber Congress. 
  • "The Application and Prospect of Polypropylene Fiber in China" (1999) 9. 38th International Man-made Fiber Congress. 
  • "High Strength Polyvinyl Alcohol Fiber Applied in Cement and Building Materials" (1999). Chemical Fiber International. 
  • "Hochfeste PVA-Faser fur die Zementverterkung" (1999). Technische Textiler 4. 
  • "The Man-made Fiber and Textile Industry at Milinium-Great Past and Bright Future in China" (2000). Austria: 39th International Man-made Fiber Congress. 
  • "Vliestoffe: Polyvinyl Alkohol Faser" (2001). German: WILEY-VCH. 
  • "Prospect of Advanced Fiber Material in China" (2002). 

ဆုများ[ပြင်ဆင်ရန်]

  • 2004 5th Guanghua Engineering Science and Technology Award(၂၀၀၄ ၅ကြိမ်မြောက် အင်ဂျင်နီယာသိပ္ပံနှင့် နည်းပညာဆု)

ကိုးကား[ပြင်ဆင်ရန်]

  1. Template error: argument title is required. 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Template error: argument title is required. 
  3. "မော်ကွန်းတင်ပြီးမိတ္တူ" (in zh)၊ ifeng၊ 2013-08-19။ 19 October 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 6 September 2019။ 
  4. Template error: argument title is required.