ကျားသနားမှ နွားချမ်းသာ

ဝီကီပီးဒီးယား မှ

ကျားသနားမှ နွားချမ်းသာ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျားရှေ့ရောက်သော နွားသည် ကျား သနားမှသာ အသက်ချမ်းသာခွင့် ရနိုင်မည်ဖြစ်သကဲ့သို့ အလွန်ရက်စက်ကြမ်းကြုတ်သူ ရှေ့မှောက် ရောက်သူသည် ထိုသူ အနားညှာတာမှသာ ချမ်းသာခွင့် ရနိုင်မည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဘိုးဘိုးတို့မှာ ခုနေခါ ကျားသနားမှ နွားချမ်းသာရမည့် ဘဝမျိုးရောက်နေတာ၊ မောင်မင်းကြီးသားများ မနှောင့်ယှက်လို့ ခုလို အေးအေးဆေးဆေး နေရတာ မြေးရဲ့။" [၁၂၉၇] နားခံ။ ၁၅၄။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၈