ကျားလျှာ

ဝီကီပီးဒီးယား မှ

ကျားလျှာ သည် အလုပ်ပစ္စည်းမှ အလွန်နည်းပါးသော သတ္ထုပမာဏကို တိတိကျကျ လျှော့နိုင်ရန် သုံးသော ကိရိယာဖြစ်သည်။ သစ်နှင့်စပ်ဆက်လုပ်ငန်း၊ သတ္တုနှင့်ဆက်စပ်လုပ်ငန်းအပြင် အခြား အပျော်တမ်းအလုပ်တချို့တွင် မရှိမဖြစ်မိုး ဖြစ်လေ၏။ လက်သုံးကိရိယာအဖြစ် သုံးသည်က များသည်။ အမာကွက်တင်ထားသော (အမာကို လိုသောနေရာ၌သာ တင်ထားသော) သံမဏိပြားကို မျက်နှာပြင်တဖက်တွင်ဖြစ်စေ၊ အခြားမျက်နှာပြင်တို့၌ဖြစ်စေ အသွားရှရှဖြစ်အောင် စီမံထားသည်။ ပုံသဏ္ဌာန်မှာ အပြားအပြင် လေးထောင့်၊ သုံးမြှောင့်၊ တခြမ်းပြား၊ အချောင်း စသဖြင့် အမျိုးမျိုး ရှိနိုင်သေးသည်။ သေးသေးချွန်ချွန်အမြီးကို အခြားတဖက်တွင် တွေ့ရမည်ဖြစ်၏။ ၎င်းကို လက်ကိုင်တခုခု၌ စွပ်ကာ သုံးရသည်။