ကျားလည်း ကြောက်ရ၊ ကျားချေးလည်း ကြောက်ရ

ဝီကီပီးဒီးယား မှ

ကျားလည်း ကြောက်ရ၊ ကျားချေးလည်း ကြောက်ရ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျားကိုသာ ကြောက်ရသည်မဟုတ်၊ ကျားချေးကိုပင်လျှင် ကြောက်ရသကဲ့သို့ မိမိအား နှိပ်စက်နိုင်သော အရှိန်အဝါရှိသူကိုသာ ကြောက်ရသည်မဟုတ်၊ အရှိန်အဝါကို မှီပြီး အာဏာပြနေသော နောက်လိုက်အသိုင်းအဝိုင်းများကိုပါ ကြောက်ရသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကျားလည်း ကြောက်ရ၊ ကျားချေးလည်း ကြောက်ရဆိုသလို... အစိုးရလည်း ကြောက်ရ၊ သူပုန်လည်း ကြောက်ရနဲ့ အကျပ်ကြီး ကျပ်ကုန်ကြပြီ။" [၁၃၁၀] သတင်းစုံ၊ ၃၊ ၃၅။ ၂၁။
  • "လွတ်လပ်ရေးရပြီးမှ တို့လိုအစိုးရအမှုထမ်းတွေဟာ ကျားလည်း ကြောက်ရ၊ ကျားချေးလည်း ကြောက်ရနဲ့ ပါတီသမားဆိုရင် ဆိုက်ကားနင်းတဲ့လူရော၊ ...... ခေါင်းဆောင်လုပ်တဲ့လူရော ကြောက်နေရတဲ့အခါမျိုးမို့..." [၁၃၁၂] မြတ်ကို။ ၈၇။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၈