ကျားရဲရာ ကြမ္မာမယိုးသာ

ဝီကီပီးဒီးယား မှ

ကျားရဲရာ ကြမ္မာမယိုးသာ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျားဆိုး သောင်းကျန်းရာဒေသတွင် ကံကိုယုံ၍ အတင့်မရဲသာသကဲ့သို့ အန္တရာယ်များသော ကိစ္စတွင် ကံကို ယုံ၍ အတင့်မရဲသာချေ။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "လေးမှန်ဘေးညစ်၊ ဖြစ်လတုံဘိ၊ စုတိသက်လှဲ၊ ကျားရဲကြမ္မာ၊ မယိုးသာတည်း။" [၈၈၉] သစ္စာ * ၁၄၅။
  • "ကျားဆိုးရဲရာ၊ ချုံထဲမှာ၌၊ ကြမ္မာဖန်နိုး၊ ကံ မယိုးနှင့်။" [၁၂၁၀] ဥမ္မာ * ၈၅။
  • "ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မယိုးကောင်းတည်း၊" [၁၂၆၆] မဃ * ၂၄၅။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၆