ကျားစွယ်

ဝီကီပီးဒီးယား မှ

ကျားစွယ်ဟူသည် ကျားသတ္တဝါမှ ရရှိသော ပုံမှန်မဟုတ်၊ ထူးခြားသော အစွယ် တစ်မျိုး ဖြစ်သည်။ "ကျားစွယ်မှာ အခေါင်း၊ ဝက်စွယ်မှာ အပိတ်" ဟူသော စကား ရှိသည်။ ပုံမှန်အားဖြင့် ကျားစွယ်သည် အခေါင်းပေါက် မရှိတတ်ချေ၊ များသောအားဖြင့် အပိတ် ဖြစ်နေသော ကျားစွယ်သည် အခေါင်းပွ ဖြစ်နေလျှင် ဝက်စွယ်ခေါင်းပိတ်ကဲ့သို့ပင် အစွမ်းသိဒ္ဓိ ရှိလာသည်။ ပယောဂကို နိုင်နင်းသည်။ ကလေးသူငယ်များလည်တွင် ဆွဲပေးထားခြင်းဖြင့် မာတြာနတ် မဖမ်းစားနိုင်၊ သွေး၍ တိုက်ပေးပါက ကျန်းမာစေသည်ဟု ယုံကြည်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သုတထွန်း (ဇွန် ၂၀၀၂)။ ထူးထူးခြားခြားတိရစ္ဆာန်တို့၏ အစွယ်များ၏ အစွမ်းသတ္တိနှင့် စုဆောင်းရရှိထားသူ။ နက္ခတ္တရောင်ခြည်။ p. ၁၉၆။