ကျားချင်းကိုက်ရာ သမင်လမ်းကူးမှား

ဝီကီပီးဒီးယား မှ

ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျားနှစ်ကောင် ကိုက်နေသော နေရာသို့ သမင်သည် လမ်းမှား၍ ရောက်သွားမိသဖြင့် ဒုက္ခတွေ့ရသကဲ့သို့ မိမိနှင့်မဆိုင်သော အခြားပုဂ္ဂိုလ်နှစ်ဦး၏ ပဋိပက္ခတွင် ဒုက္ခရောက်ရသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ခြင်္သေ့ရှေ့ ယုန်သငယ်သွားခြင်း၊ ကျားချင်းကိုက် သမင်ငယ်ကူး၊ ဘီလူးမ လူတွေ့၊ ကြောင်ရှေ့ ကြွက်မြူး၊ ခွေးရူး မြွေနမ်း၊" [၁၁၅၂-ခန့်] ပေါဒီ၊ ၄၅၁။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၆