ကျားကျား မီးယပ်

ဝီကီပီးဒီးယား မှ

ကျားကျား မီးယပ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ယောက်ျားလူနာ ဖြစ်စေကာမူ မီးယပ်ရောဂါပင် ဖြစ်သည်ဟု ဆေးဆရာက မလျှော့တမ်းပြောဆိုသကဲ့သို့ မိမိပြောဆိုခဲ့သည်ကို ယုတ္တိ မတန်မှန်းသိပါလျက် ဇွတ်တိုး၍ မလျှော့တမ်း ဆုပ်ကိုင်ပြောဆိုသည်။

ရွာတစ်ရွာတွင် ဆေးဆရာတစ်ဦးသည် လာရောက်ကုသသည့် မိန်းမလူနာတိုင်းအား မီးယပ်ရောဂါဖြစ်သည်ဟုသာ အမြဲပြောဆိုလေ့ရှိသည်။ တစ်နေ့တွင် ရွာသားများက လုလင်တစ်ဦးကို အမွှေးနံသာလိမ်းကျံ၍ ဆေးဆရာထံခေါ်လာသည်။ ဆေးဆရာကလည်း မီးယပ်ရောဂါဖြစ်သည်ဟုပင် ဆို၏။ ရွာသားများက ယောက်ျားလူနာဖြစ်သည်ဟု အကြိမ်ကြိမ်ဆိုသော်လည်း ဆေးဆရာက အလျှော့မပေးဘဲ ကျားကျား မီးယပ်ပဲဟု ဇွတ်အတင်း ပြန်ပြောလေသည်။ ပုံပြင်

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "တစ်ဖက်ကနေပြီး ပြန်ကြည့်လျှင် ပါတီချင်းမတူလို့ တစ်ဖက်က အတိုက်အခံသဘောမျိုးနှင့် ကျားကျား မီးယပ်သဘောမျိုးနှင့် ပြောတဲ့စေတနာမျိုး မရှိစေချင်ပါဘူး။" [၁၃၂၁] ပါလီမန်။ ၈၈။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၄